အိန္ဒိယလေတပ်အနေနဲ့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကို ၁၅ တန်ရှိတဲ့ ဆေးဝါးပစ္စည်းတွေကို သွားရောက်ထောက်ပံ့ပြီး အိန္ဒိယနိုင်ငံကိုအပြန်မှာတော့ ဝူဟန်မြို့မှာပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသားတွေအပါအဝင် မြန်မာကျောင်းသား ၂ ယောက်ကို ပြန်လည်ခေါ်ဆောင်လာခဲ့ပါတယ်။
အခုဆိုရင်တော့ ဝူဟန်မှာပိတ်မိနေတဲ့ မြန်မာကျောင်းသား ၂ ယောက်ဟာ အိန္ဒိယနိုင်ငံမှာ ဘေးကင်းလုံခြုံစွာရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့မှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး အိန္ဒိယနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေချိန်လည်း ဖြစ်ပါတယ်။ မြန်မာကျောင်းသား ၂ ယောက်အတွက် လိုအပ်တဲ့ အကူအညီအားလုံးကိုလည်း အိန္ဒိယအစိုးရ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဝူဟန်မှာပိတ်မိနေသူတွေကို အိန္ဒိယလေတပ်က ပြန်ခေါ်လာခဲ့သူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၊ မြန်မာနိုင်ငံသား၊ မော်လ်ဒိုက်နိုင်ငံသားနဲ့ တောင်အာဖရိကနိုင်ငံသား၊ အာရပ်စော်ဘွားများပြည်ထောင်စု ၊ မာဒါဂက်စကာနိုင်ငံသားတွေပါဝင်တယ်လို့ သိရပါတယ်။
အခုဆိုရင်တော့ ဝူဟန်မှာကျန်နေရစ်ခဲ့တဲ့ မြန်မာကျောင်းသား ၂ ယောက်ဟာ အိန္ဒိယနိုင်ငံမှာ ကျန်း မာရေးကောင်းမွန်စွာရှိနေပြီး လိုအပ်တဲ့ပြုစုစောင့်ရှောက်မှုတွေကို အိန္ဒိယတာဝန်ရှိသူတွေက ဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
Ref: BBC
You may also like these stories:
အီရန်နိုင်ငံမှာ ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ
တရုတ်မှ ပြန်လာတဲ့ ခရီးသွား ၁၁၈ ယောက်ကို အင်ဒိုနီးရှားနိုင်ငံက ပြည်ဝင်ခွင့် ငြင်းပယ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦး ထိုင်းနိုင်ငံမှာ ထပ်မံတွေ့ရှိ