ကိုရိုနာဗိုင်းရပ်စ်ရဲ့ နာမည်ကြောင့် ကိုရိုနာတံဆိပ် ဘီယာ ကုမ္ပဏီကို ထိခိုက်မှုများရှိနေ
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတဝှမ်းကို ပျံနှံ့ပြီးနောက် အများနဲ့ မတူဘဲ အထိနာတဲ့ ကုန်ပစ္စည်းတခုကတော့ ကိုရိုနာဘီယာပဲ ဖြစ်ပါတယ်။ လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ မက္ကဆီကို နိုင်ငံထုတ် ဘီယာဖြစ်တဲ့ ကိုရိုနာဘီယာကို စနောက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။
လူမှုကွန်ရက် အသုံးပြုတွေအနေနဲ့လည်း ” ကိုရိုနာဘီယာဗိုင်းရပ်စ် “၊ ” ဘီယာဗိုင်းရပ်စ် ” စတာတွေကို ရှာဖွေသူတွေရှိနေပြီး ဘီယာကြောင့် ဖြစ်တယ်လို့ အယူမှားနေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ အနောက်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့မှုပိုပြီး များလာပြီးနောက် လူအများက စိုးရိမ်နေကြပါတယ်။
ကိုရိုနာဘီယာ ရောင်းအားဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တမြို့တည်းမှာ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဘီယာဖြန့်ချိရေးကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုရိုနာဘီယာရဲ့ အဓိကဈေးကွက်ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူတွေက ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုကြောင့် အခုလို ရောင်းအားတွေ ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။
ကိုရိုနာဘီယာဟာ ဗိုင်းရပ်စ်နဲ့သက်ဆိုင်ခြင်းမရှိကြောင့် အသိပေးခြင်းတွေကိုလည်း လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။ ကိုရိုနာဘီယာဟာ အမေရိကန်နိုင်ငံမှာ တတိယမြောက် ရောင်းအားအကောင်းဆုံးဘီယာဖြစ်ပြီး နံပါတ် ၁ နဲ့ ၂ နေရာမှာတော့ Guinness ဘီယာနဲ့ Heineken ဘီယာတို့ အသီးသီးရှိနေတယ်လို့ YouGov စီးပွားရေးဂျာနယ်မှာ ဖော်ပြထားပါတယ်။
ကိုရိုနာဘီယာ ရောင်းအားကျရတဲ့ အကြောင်းအရင်း နောက်တခုကတော့ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားမှုမြင့်မားနေသလို၊ လူစုလူဝေးတွေ ပြုလုပ်မှု နည်းနေပြီး နွေရာသီဖြစ်နေပေမယ့် ကမ်းခြေကို သွားလာမှုတွေ နည်းပါးနေတာကြောင့်လည်း ဖြစ်တယ်လို့ YouGov စီးပွားရေးဂျာနယ်ရဲ့ သတင်းထောက် Graeme Bruce က ရေးသားထားပါတယ်။
Ref. www.thejakartapost.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လှူဒါန်းကြတဲ့ ကိုရီးယားအနုပညာရှင်များ
မကြာမီ Single သီချင်းသစ် ဖြန့်ချိဖို့ ရှိနေတဲ့ အဆိုတော် လေဒီဂါဂါ
ပဉ္စမမြောက် “Indiana Jones” ရုပ်ရှင်ကို ဒါရိုက်တာ Steven Spielberg ရိုက်ကူးမည် မဟုတ်