ဂိမ်းလောကမှာ အကျော်ကြားဆုံး Cheat Code ဖြစ်တဲ့ Konami ကုဒ်ကို တီထွင်သူ Kazuhisa Hashimoto ဟာ အသက် ၆၁ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။ Kazuhisa Hashimoto ဟာ ဂိမ်းလောကနဲ့ လူငယ်များကြားမှာ ရေပန်းစားသူဖြစ်ပြီး အပေါ်၊ အပေါ်၊ အောက်၊ အောက်၊ ဘယ်၊ ညာ၊ ဘယ်၊ ညာ၊ B, A စတဲ့ Cheat Code တွေကို တီထွင်ခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့ သေဆုံးမှုကို သူ ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့တဲ့ Konami ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပေးခဲ့တာဖြစ်ပြီး သေဆုံးမှုအကြောင်းအရာနဲ့ သေဆုံးတဲ့ နေရာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
“ဒီသတင်းကို ပြောရတာ အရမ်းကို စိတ်ထိခိုက်စရာ ကောင်းပါတယ်။ Kazuhisa Hashimoto ဟာ ဂိမ်းလောကမှာ အရမ်းထူးချွန်တဲ့ ထုတ်လုပ်သူတယောက်ဖြစ်တဲ့ အပြင် Konami Code ကိုလည်း တကမ္ဘာလုံးကို စတင်မိတ်ဆက် ပေးခဲ့သူဖြစ်ပါတယ်”လို့ Konami ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တင်ထားခဲ့တယ်လို့ သိရပါတယ်။
Kazuhisa Hashimoto ဟာ Nintendo ဂိမ်းတွေမှာ အသုံးဝင်တဲ့ Cheat Code ကို တီထွင်ခဲ့သူဖြစ်ပြီး ၁၉၈၀ နှစ်များမှာ ရေပန်းစားခဲ့ပါတယ်။ သူဟာ ဂိမ်းတွေကို စတင်ထုတ်လုပ်မယ့် အချိန်မှာ ခက်ခဲတဲ့ အပိုင်းတွေကို စမ်းသပ် ကစားပေးလေ့ရှိသူဖြစ်ပြီး Gradius ဂိမ်းကို စမ်းသပ်ကစားရင်း Code ကို ဖယ်ရှားဖို့ မေ့သွားတာကြောင့် ကစားသူတွေဆီကို အဲဒီကုဒ်တွေ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒီအမှားကြောင့် ကမ္ဘာတဝှမ်းက လူငယ်ပေါင်းများစွာဟာ Contra ကို Cheat ပြုလုပ်ကစားပြီး ငယ်ဘဝအမှတ်တရတွေကို ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Konami Code ကို ဂိမ်းတော်တော်များများမှာ တရားဝင်ထည့်သွင်းခဲ့ပြီး ဂိမ်းရေစီးကြောင်းမှာ ကြီးမားတဲ့ အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။
Ref. nytimes.com
You may also like these stories:
Android ဖုန်းတွေရဲ့ အဓိက Feature တခုကို iPhone မှာ မကြာခင် ရနိုင်ဖွယ်ရှိ
ကွယ်လွန်သူ မင်းသား Kirk Douglas က ပရဟိတဖောင်ဒေးရှင်းသို့ ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့