Trend

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ဂျပန်ရှိ ကျောင်းများ အားလုံး ပိတ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ စာသင်ကျောင်းတွေ အားလုံးကို ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အစိုးရအနေနဲ့ ကျောင်းတွေ အားလုံးကို ပိတ်ထားဖို့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြောပါတယ်။

“ကလေးတွေကြားမှာ ရောဂါပျံ့နှံ့မှုတွေ ထိန်းချုပ်ဖို့ ကျောင်းတွေကို ပိတ်ထားမှာ ဖြစ်ပါတယ်။ ဒီရက်သတ္တပတ်တွေက ခက်ခဲနေမှာ သေချာပါတယ်။ အစိုးရအနေနဲ့ ကလေးများရဲ့ ကျန်းမာရေးကဏ္ဍကို အရေးအကြီးဆုံးအဖြစ် သတ်မှတ်ဆောင်ရွက်နေပါတယ်”လို့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။

ဂျပန်အစိုးရအနေနဲ့ ပုဂ္ဂလိကကျောင်းများကို ပိတ်ထားဖို့ တောင်းဆိုမှုတွေ ရှိပြီး ကျောင်းပိတ်ထားဖို့ သတ်မှတ်ထားတဲ့ ဧရိယာတွေမှာ ပညာသင်ကြားနေတဲ့ ကလေးပေါင်း ၁၃ သန်းလောက် ရှိနိုင်တယ်လို့ ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။

တိုကျိုမှာရှိတဲ့ တက္ကသိုလ်အချို့ကတော့ ကျောင်းတွေကို စတင်ပိတ်နေပြီဖြစ်ပြီး ကျောင်းအချို့ကို ဧပြီလ အစပိုင်းအထိ ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည် ဘက်စ်ကားရဲ့ ဧည့်လမ်းညွှန်အဖြစ် လုပ်ကိုင်နေသူ အမျိုးသမီးတဦးထံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု ဒုတိယအကြိမ် တွေ့ရှိပြီးနောက် ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အစိုးရက ကျောင်းပိတ်ထားရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၀ ကျော် စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူ ၄ ဦး ရှိတယ်လို့ သိရပါတယ်။

Ref. japantimes.co.jp

You may also like these stories:

နာမည်ကျော် Konami ကုဒ်ကို တီထွင်ခဲ့သူ ကွယ်လွန်

ကိုရိုနာဗိုင်းရပ်စ်ရဲ့ နာမည်ကြောင့် ကိုရိုနာတံဆိပ် ဘီယာ ကုမ္ပဏီကို ထိခိုက်မှုများရှိနေ

ဝူဟန်မြို့မှာ ကျန်ရစ်ခဲ့တဲ့ မြန်မာကျောင်းသား ၂ ယောက်ကို အိန္ဒိယလေတပ်က ပြန်ခေါ်လာ

Loading