သမိုင်းတလျှောက်မှာ အမျိုးသမီးများဟာ နေ့စဉ်လုပ်ကိုင်နေတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ခွင့်ရဖို့ တိုက်ပွဲတွေ ဝင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်က အမျိုးသမီးများဟာ နေရာအချို့ကို ကိုယ်တိုင်သွားခွင့် မရှိတဲ့အထိ ပိတ်ပင်ခံရမှုမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရဖူးပါတယ်။
အခုဖော်ပြပေးမယ့် အရာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့်က အမျိုးသမီးများကို ပြုလုပ်ခွင့် ပိတ်ပင်ထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
(၁) ဘောင်းဘီဝတ်ခွင့်
အတိတ်တုန်းက အမျိုးသမီးများဟာ စကပ်ကိုသာ ဝတ်ဆင်ခွင့်ရှိပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဘောင်းဘီဝတ်တာကို လူ့အသိုင်းအဝိုင်းက လက်ခံထားခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။ နိုင်ငံအချို့မှာဆို အမျိုးသမီးများ ဘောင်းဘီဝတ်ခြင်းကို တရားမဝင်တဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ထားတာတွေတောင် ရှိတယ်လို့ သိရပါတယ်။
(၂) မဲပေးခွင့်
ရှေးကလူတွေက မဲပေးခြင်း စတဲ့ နိုင်ငံရေးလုပ်ရပ်များဟာ အမျိုးသားများအတွက်သာ ဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။ အမျိုးသမီးများဟာ စိတ်ပိုင်းဆိုင်ရာရော အတွေးအခေါ်ပိုင်းဆိုင်ရာမှာပါ အားနည်းတာကြောင့် မဲပေးခွင့် မရှိတာဖြစ်တယ်လို့ တဖက်သတ် သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။
(၃) ကိုယ်ဝန်ဆောင်စဉ် အလုပ်လုပ်ခွင့်
အမျိုးသမီးများကို ခွဲခြားဆက်ဆံမှု ကြီးမားတာကြောင့် အမျိုးသမီးများကို ကိုယ်ဝန်ဆောင်နေစဉ်မှာ အလုပ်လုပ်ကိုင်ခွင့် မရှိဘူးလို့ သိရပါတယ်။ နိုင်ငံအချို့မှာ ကိုယ်ဝန်ရှိတဲ့ ဝန်ထမ်းတွေကို အလုပ်မှာ ထုတ်လိုက်တာတွေ ရှိခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ အမေရိကန်နိုင်ငံက စတင်ပြီး အဲဒီစည်းမျဉ်းကို ဖြတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။
အမျိုးသမီးများကို ပိတ်ပင်ထားတဲ့ အခြားအရာတွေကတော့ ရှေ့နေဖြစ်ခွင့်၊ စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခွင့်၊ ကိုယ်ပိုင် ဘဏ်အကောင့်ဖွင့်ခွင့်၊ တယောက်တည်းအပြင်သွားခွင့်၊ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့် စတာတွေ ဖြစ်ပါတယ်။
Ref. Brightside
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ဂျပန်ရှိ ကျောင်းများ အားလုံး ပိတ်မည်
နာမည်ကျော် Konami ကုဒ်ကို တီထွင်ခဲ့သူ ကွယ်လွန်
ရဲစခန်းထိလာပြီး လမ်းပျောက်နေကြောင်း အသိပေးခဲ့တဲ့ ခွေးလေး