မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်းဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ကျော်ကြားသူ တယောက်ပါ။ လက်ထဲ အာဏာရှိနေတဲ့အတွက် လုပ်ချင်ရာလုပ်နေတဲ့ ခေါင်းဆောင်တယောက်လည်း ဖြစ်ပါတယ်။ စိတ်မထင်ရင် မထင်သလို လုပ်တတ်တဲ့အတွက်ကြောင့်လည်း မြောက်ကိုရီးယား တနိုင်ငံလုံး သူ့ကို ကြောက်ရွံ့ကြရပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ သတင်းအမှောင်ချထားလေ့ရှိပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့လည်း သတင်းမှန် ထုတ်ပြန်ပေးဖို့ တကမ္ဘာလုံးက တောင်းဆိုခဲ့ပေမယ့် မြောက်ကိုရီးယားကတော့ သူ့နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူ မရှိဘူးလို့သာ ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ ထွက်ပေါ်လာတဲ့သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ အရာရှိ တယောက်ကို တားမြစ်ထားတဲ့ စည်းကမ်းတွေ ချိုးဖောက်လို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ပစ်သတ်ခံခဲ့ရတဲ့ မြောက်ကိုရီးယားအစိုးရ အရာရှိဟာ မကြာသေးခင်အချိန်တုန်းက တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ခဲ့ပြီး ပြန်လာချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိခဲ့တဲ့အတွက် သီးခြား နေထိုင်စေခဲ့ပါတယ်။ ဒါပေမဲ့လည်း ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အရာရှိဟာ စည်းကမ်းဖောက်ဖျက်ပြီး အများသုံးရေချိုးခန်းကို အသုံးပြုခဲ့တဲ့အတွက် ပစ်သတ်ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အရာရှိရဲ့လုပ်ရပ်ဟာ မြောက်ကိုရီးယားနိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် အခုလို ပစ်သတ်လိုက်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်းအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သီးခြားဥပဒေ ထုတ်ပြန်ထားပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသူတွေဟာ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရ ဘဲထွက်ပြေးမယ်ဆိုရင် အသတ်ခံရမယ်လို့ Techtimes သတင်းဌာနရဲ့ Website မှာ ဖော်ပြထားပါ တယ်။ အခုချိန်ထိတော့ မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးဘူးလို့ ဆို ပါတယ်။
တောင်ကိုရီးယား သတင်းအေဂျင်စီတွေကတော့ မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုတွေ ရှိနေပေမယ့် မြောက်ကိုရီးယားအစိုးရက မီဒီယာတွေကို ဖုံးကွယ်ထားတယ်လို့ ဆိုပါတယ်။
Fox သတင်းဌာနရဲ့ ကိုရီးယားလေ့လာမှု ဒါရိုက်တာဖြစ်သူ Harry Kazianis ကလည်း တရုတ်နဲ့ မြောက်ကိုရီးယားဟာ နယ်နိမိတ်ချင်း ထိစပ်နေပြီး တရားမဝင် ကုန်သွယ်မှုတွေ ရှိနေတဲ့အတွက် မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာ သေချာတယ်လို့ ပြောခဲ့ပါတယ်။
မြောက်ကိုရီးယား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Song in Bom ကတော့ မြောက်ကိုရီး ယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ ဖြစ်ပွားသူတွေ မတွေ့ရသေးပေမယ့် တွေ့ရှိလာခဲ့ရင်လည်း ကာကွယ်မယ့် နည်းလမ်းတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။
Ref: techtimes, dailystar, independent.ng
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် တောင်ကိုရီးယားမှာ BTS အဖွဲ့ရဲ့ ဖျော်ဖြေပွဲများ ဖျက်သိမ်း
အီတလီနိုင်ငံ၊ မြို့ပေါင်း ၁၁ မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုများ ဖြစ်ပွားနေ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ဂျပန်ရှိ ကျောင်းများ အားလုံး ပိတ်မည်