အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို အခမဲ့ပေးတော့မယ့် စကော့တလန်နိုင်ငံ
အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ အပါအဝင် အမျိုးသမီးတိုင်း မဖြစ်မနေ အသုံးပြုရတဲ့ အမျိုးသမီးသုံးသန့်စင်ဆေးရည်တွေ
စကော့တလန် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်စူပါမားကတ်၊ Shopping Mall တွေ၊ စတိုးဆိုင်တွေမှာမဆို အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို ဝယ်ယူစရာ မလိုအောင် အခမဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေဟာ အမျိုးသမီးတွေအတွက်တော့ လစဉ် လတိုင်းလိုလို မဖြစ်မနေ ဝယ်ယူအသုံးပြုရတဲ့ ပစ္စည်းတမျိုးဖြစ်ပြီး ကျန်းမာရေးနဲ့လည်း တိုက်ရိုက် ပတ်သက်နေပါတယ်။
အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေဟာ ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးနဲ့ ရှိနေတာဖြစ်ပြီး အမျိုးသမီးတော်တော်များများကတော့
စကော့တလန်နိုင်ငံမှာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို တရားဝင် အခမဲ့ အသုံးပြုနိုင်အောင် အဆို တင်သွင်းခဲ့သူကတော့ Scottish Labour Party က Monica Lennon ဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သိပ်မကြာသေးခင်ကမှ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဘယ်နေရာ ဒေသမှာမဆို ဝယ်စရာ မလိုဘဲ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်ဆိုတာကို တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်ဟာဆိုရင် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို တရားဝင် အခမဲ့ သုံးစွဲခွင့်ပြုလိုက်တဲ့ ပထမဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာပြီး ကျန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်တုန်းကတော့ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာသာ အခမဲ့အသုံးပြုနိုင်အောင် ထားရှိပေးခဲ့ရာကနေ တနိုင်ငံလုံးအတိုင်းအတာနဲ့ အခမဲ့ဖြစ်အောင် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories: