Trend

နေ့တနေ့ကို အကောင်းဆုံး စတင်နိုင်မယ့် နည်းလမ်းများ

မနက်စောစော အိပ်ရာထပြီး ကျောင်းနဲ့ အလုပ်တွေကို သွားရတာဟာ အချို့လူတွေအတွက် အရမ်းကို ခက်ခဲတဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကို လွယ်ကူသွားအောင် လုပ်ဆောင်ဖို့ နည်းလမ်းတွေလည်း ရှိပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ နေ့တနေ့ကို အကောင်းဆုံးစတင်နိုင်အောင် ဘာတွေလုပ်ရမလဲဆိုတာပဲ ဖြစ်ပါတယ်။

(၁) ကော်ဖီထဲကို ဆားထည့်သောက်ပါ

မနက်ခင်းသောက်တဲ့ ကော်ဖီထဲကို ဆားအနည်းငယ် ထည့်သောက်တာဟာ ကော်ဖီကို အရသာ ပိုပြီးရှိစေတယ်လို့ သိရပါတယ်။ သကြား ဒါမှမဟုတ် နွားနို့အစား ဆားအနည်းငယ်ကို ထည့်သောက်လိုက်တာက ကော်ဖီရဲ့ အရသာပိုပေါ်လွင်စေပြီး ကယ်လိုရီလည်း မတက်စေပါဘူး။

(၂) သစ်ကြံပိုးခေါက်

တကယ်လို့ သင်က ကော်ဖီကြိုက်တတ်တဲ့သူ မဟုတ်ဘူးဆိုရင် လက်ဖက်ရည် ဒါမှမဟုတ် ချောကလက်အပူထဲကို သစ်ကြံပိုးခေါက်ရဲ့ အမှုန့်အနည်းငယ် ထည့်သောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ကဖင်းဓာတ်အနည်းငယ် ပါဝင်တာကြောင့် သင့်ကို တက်ကြွလှုပ်ရှားဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ ကိုယ်တွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး စားသောက်ချင်စိတ်ကိုလည်း ဖြစ်ပေါ်စေပါတယ်။

(၃) ရေသောက်ပါ

ရေဟာ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ အတွက် အဓိက လိုအပ်ချက်တခု ဖြစ်ပါတယ်။ အထူးသဖြင့် မနက်ခင်းပိုင်းတွေမှာ ရေသောက်ခြင်းက ခန္ဓာကိုယ်ရဲ့ လည်ပတ်မှုကို ပိုပြီး ကောင်းမွန်စေမှာ ဖြစ်ပါတယ်။ ရေထဲကို သံပုရာသီးထည့်ပြီး သောက်ခြင်းကလည်း ရေဓာတ်ပြည့်ဝစေခြင်း၊ အစာကြေခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်းနဲ့ လန်းဆန်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

(၄) အဝတ်အစားကို ကြိုတင်ပြင်ဆင်ပါ

အပြင်ထွက်စရာရှိတဲ့ နေ့တွေမှာ ဝတ်ဆင်မယ့် အဝတ်အစားကို တရက်ကြိုပြီး ပြင်ဆင်တာက သင့်ကို စိတ်ချမ်းသာစေပါလိမ့်မယ်။ အဲဒီလို ပြင်ဆင်ထားတဲ့အတွက် မနက်ထချိန်မှာ စိတ်ဖိအား ကင်းကင်းနဲ့ ထနိုင်ပြီး မနက်စာစားခြင်း ရေချိုးခြင်းတွေအတွက် အချိန်ပိုရသွားမှာ သေချာပါတယ်။

(၅) နှိုးစက်ကို ဝေးဝေးမှာ ထားပါ

နှိုးစက်ကို သင့်အိပ်ရာနဲ့ ဝေးဝေးမှာ ထားပါ။ မနက်မှာ နှိုးစက်မြည်လာတဲ့အခါ ထပြီး သွားပိတ်ရမယ့် နေရာမှာ ထားခြင်းကြောင့် သင့်ကိုယ်တိုင် သတ်မှတ်ထားတဲ့ အချိန်မှာ အိပ်ရာထဖြစ်သွားပါလိမ့်မယ်။ သတ်မှတ်ထားတဲ့ အချိန်ကွက်တိမှာ အိပ်ရာထနိုင်ပြီဆိုရင် သင့်ရဲ့ တနေ့တာ လုပ်ငန်းဆောင်တာတွေ နှောင့်နှေးမှု မရှိမှာ သေချာလို့ တနေကုန် စိတ်ချမ်းသာစွာ နေထိုင်နိုင်ပြီဖြစ်ပါတယ်။

Ref. Brightside

You may also like these stories:

အမျိုးသားများကို အကျည်းတန်စေတဲ့ ဝတ်စားဆင်ယင်ပုံများ

နေ့လယ်စာစားပြီး အိပ်ငိုက်နေရင် ပြုလုပ်ရမယ့် အရာများ

Loading