Trend

ဆေးပညာရှင်တွေ ပြောတဲ့ ကမ်းခြေသွားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

ရာသီဥတု အပူရှိန်ကလည်း အနည်းငယ် မြင့်တက်လာတဲ့ အချိန်ကာလဖြစ်တာကြောင့် အခုလို အချိန်ကာလမှာ ခရီးသွားမယ်ဆိုရင် ကမ်းခြေတွေဟာ ပထမဦးစားပေးအနေနဲ့ ရွေးချယ်သင့်တဲ့ နေရာတခုလို့ ပြောရမှာပါ။ ကမ်းခြေသွားခြင်းဟာ စိတ်အပန်းပြေစေရုံသာမက ကျန်းမာရေးအတွက်လည်း တခြားသော အကျိုးကျေးဇူးတွေရှိတယ်လို့ ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ သိရပြီး ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိစေနိုင်လဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တယ်

ကမ်းခြေမှာ အနားယူအပန်းဖြေခြင်းဟာ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို သက်သာစေနိုင်ပါတယ်။ ကမ်းခြေက လှိုင်းပုတ်သံတွေဟာ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

(၂) နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တယ်

ကမ်းခြေမှာ ပင်လယ်ဘက်ကနေ ဖြတ်သန်း တိုက်ခတ်လာတဲ့ လေကောင်းလေသန့်တွေဟာ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။ သွေးပေါင်ချိန်ကို မျှတစေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တာကြောင့် စိတ်ဖိစီးမှုကြောင့်ဖြစ်ဖြစ် ကျန်းမာရေးပြဿနာကြောင့် ကောင်းမွန်စွာ အိပ်မပျော်သူတွေကို ဆေးပညာရှင်တွေက ကမ်းခြေသွားဖို့ အကြံပြုလေ့ရှိကြပါတယ်။

(၃) ကမ်းခြေက သဲတွေဟာ အရေပြားကျန်းမာရေးကို အထောက်အကူ ဖြစ်စေတယ်

ကမ်းခြေမှာရှိတဲ့ သဲတွေဟာ အရေပြားပေါ်က ဆဲလ်သေတွေကို သဘာဝအတိုင်း ဖယ်ရှားပေးနိုင်တာကြောင့် ကမ်းခြေကို အပန်းဖြေခရီးသွားမယ်ဆိုရင် သဲတွေနဲ့ ဆော့ကစားဖို့ကိုလည်း မမေ့လျော့သင့်ပါဘူး။

(၄) ဗီတာမင်ဒီ ဓာတ်ကို အလုံအလောက် ရရှိစေနိုင်တယ်

ကမ်းခြေသွားတဲ့အခါ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ဖို့ အခွင့်အလမ်းများတာကြောင့် နေရောင်ခြည်မှာပါတဲ့ ဗီတာမင်ဒီကို ကောင်းမွန်လုံလောက်စွာ ရရှိစေမှာလည်း ဖြစ်ပါတယ်။

Ref. www.thefactsite.com

You may also like these stories:

ခရီးသွားလာခြင်းရဲ့အကျိုးကျေးဇူးများ

စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နေ့စဉ်ပြုလုပ်နေကျ အပြုအမူများ

Loading