Trend

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အရှုံးပေါ်နေတဲ့ Nike

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ပျံ့နှံ့ကူးစက်မှုကြောင့် အထူးသဖြင့် တရုတ်နိုင်ငံမှာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားခြင်းရဲ့ အကျိုးဆက်ကြောင့် ကမ္ဘာကျော် Nike ကုမ္ပဏီကြီးဟာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ဈေးကွက်တန်ဖိုး ကျဆင်းသွားရတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် အားကစား အသုံးအဆောင် ထုတ်လုပ်တဲ့လုပ်ငန်းကြီးရဲ့ အရောင်းဆိုင် ထက်ဝက်ခန့်ဟာ ပိတ်သိမ်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျန်ရှိနေမယ့် အရောင်းဆိုင် ထက်ဝက်ကလည်း ပုံမှန်ထက် ဖွင့်လှစ်ရောင်းချမယ့် အချိန်ကို လျှော့ချသွားရဖို့ ရှိပါတယ်။

တချို့နေရာတွေမှာ ဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သွားလာခွင့် ကန့်သတ်ထားတာရှိသလို၊ အများစုကလည်း ရောဂါကူးစက်ခံရမှာကြောင့် အပြင်မထွက်တော့အတွက် ရောင်းအားတွေ ဆက်တိုက်ကျ ဆင်းလာရတာပါ။ အဆိုးဆုံးထိခိုက်သွားတဲ့ ဈေးကွက်ကတော့ ဝယ်လိုအားအများဆုံးရှိတဲ့ တရုတ်ဈေးကွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဘဏ္ဍာရေးနဲ့ပတ်သက်တဲ့ စာစောင်တွေမှာဖော်ပြချက်အရ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမြတ်စွန်းအများဆုံးရတဲ့ နေရာဖြစ်သလို လုပ်ငန်းတွေ လျင်မြန်စွာ တိုးချဲ့လာနိုင်တဲ့ နေရာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ် တခုတည်းမှာတင် စုစုပေါင်းဝင်ငွေ ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့သလို အမြတ်ငွေ ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ နိုင်ငံတကာလုပ်ငန်းများ တိုးတက်လာမှုနှုန်းဟာ သုံးပုံ တပုံကျော်ရှိခဲ့ပြီး Nike တခုတည်းတင် နှစ်စဉ်နှုန်းထား ၁၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံကျော် ရရှိခဲ့ပါတယ်။ တခြားလုပ်ငန်းတွေမှာလည်း ၆ ဒဿမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်အတွင်း Nike ရဲ့ ဝင်ငွေ ကိန်းဂဏန်းတွေကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ အကျိုးမြတ် အများဆုံး ရရှိတဲ့ ဈေးကွက်ဆိုတာ သိသာ ထင်ရှားနေပါတယ်။ တရုတ်ဈေးကွက်တခုတည်းကနေ ကုမ္ပဏီအတွက် ဝင်ငွေ သန်း ၈၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ပျံ့နှံ့ကူးစက်မှုသာ တာရှည်နေဦးမယ်ဆိုရင် တရုတ်နိုင်ငံတွင်းက နိုင်ငံတကာ လုပ်ငန်းဈေးကွက်တွေရဲ့ အခြေအနေ ပိုဆိုးသွားနိုင်တဲ့အပြင် အတိုင်းအတာဘယ်လောက်ထိ ထိခိုက်သွားနိုင်မယ်ဆိုတာ မသေချာ မရေးရာတဲ့ အနေထားမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Ref: HYPEBEAST

You may also like these stories:

စာမေးပွဲကာလအတွင်းမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ

တန်ဖိုးကြီး အဝတ်အစားတွေထက် တန်ဖိုးနည်းနည်းနဲ့ ဖက်ရှင်ကျတဲ့ ကမ္ဘာကျော်များ

ဆေးပညာရှင်တွေ ပြောတဲ့ ကမ်းခြေသွားခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ

Did you find apk for android? You can find new Free Android Games and apps.
Loading