ကနေဒါနိုင်ငံသူ ပိုင်ရှင်နဲ့အတူ ကမ္ဘာပတ်ပြီး ခရီးတွေထွက်နေတဲ့ ကြောင်လေး Suki ရဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ရေပန်းစားနေပါတယ်။ အသက် ၃ နှစ်ရှိပြီဖြစ်တဲ့ အဲဒီကြောင်လေးဟာ မကြာသေးခင်ကပဲ ဥရောပနိုင်ငံ ၁၁ နိုင်ငံကို ခရီး ၂ လကြာ သွားခဲ့ပြီး ခရီးအတွင်းက ပုံတွေကို Instagram စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။
Suki လို့ ခေါ်တဲ့ အဲဒီ ကြောင်လေးကို Martina Gutfreund လို့ အမည်ရတဲ့ ပိုင်ရှင်ဖြစ်သူက မွေးစားထားတာ ဖြစ်ပါတယ်။ Martina Gutfreund ဟာ ကြောင်လေးနဲ့ ခရီးသွားတဲ့ ပုံတွေကို လူမှုကွန်ရက်မှာ တင်ပြီးနောက် လူမှုကွန်ရက် အသုံးပြုသူတွေက ကြောင်လေးကို ချစ်ခင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။
“ကြောင်တွေနဲ့ ခရီးထွက်ရတာ အရမ်းကို ပျော်ဖို့ ကောင်းပါတယ်။ ကျမကတော့ သူစူးစမ်းလေ့လာနေတဲ့ အချိန်တွေဆို ဓာတ်ပုံ ခိုးပြီး ရိုက်ထားလိုက်တာပဲ။ အဲဒါက အရမ်းကို ချစ်ဖို့ကောင်းပြီး လှတယ်လေ။ ကြောင်တွေက ကျမကို အပြုသဘောဆန်တဲ့ စွမ်းအားတွေပေးတယ်လို့ ခံစားရတယ်။ ကျမရဲ့ ကြောင်လေးက အပြင်ကို သိပ်သွားချင်တာ။ အခုလို နိုင်ငံတွေ အများကြီးကို ခရီးထွက်ရတာလည်း သူက ပျော်နေပုံပဲ”လို့ ပိုင်ရှင်ဖြစ်တဲ့ Martina Gutfreund က ပြောပါတယ်။
ကျားသစ်တကောင်လို ပုံစံမျိုးရှိတဲ့ Suki ဟာ အကြောက်အလန့် မရှိတာကြောင့် ဘယ်နေရာကိုပဲရောက်ရောက် ဓာတ်ပုံရိုက်ရတာ လွယ်ကူတယ်လို့ Martina Gutfreund က ပြောပါတယ်။
Suki ဟာ ရာသီဥတုမရွေ းအပြင်ထွက်ရတာကို ကြိုက်ပြီး လေယာဉ်စီးတဲ့ အချိန်နဲ့ ဟိုတယ်တွေမှာ အနားယူတဲ့ အချိန်တွေမှာလည်း ငြိမ်ငြိမ်နေလေ့ရှိတာကြောင့် ထိန်းကျောင်းရတာ အရမ်း လွယ်ကူတယ်လို့ သိရပါတယ်။
Ref. insider.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် လူသေဆုံး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ အရှုံးပေါ်နေတဲ့ Nike
စာမေးပွဲကာလအတွင်းမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ