အမျိုးသမီးတွေဟာ ဖြတ်ထိုးဉာဏ် ကောင်းမွန်တာကြောင့် နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ နည်းပညာအသစ်တွေကို တီထွင်ဖန်တီးနိုင်စွမ်း ရှိကြပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ ပစ္စည်းအချို့ ပေါ်ပေါက်လာရတာ ဖြစ်ပါတယ်။
အခုဖော်ပြပေမယ့် အကြောင်းအရာကတော့ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့ အမျိုးသမီးတွေ တီထွင်ခဲ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
(၁) ကားမှန်သုတ်တံ
ဒီနေ့ခေတ် ကားတွေမှာ တပ်ဆင်ထားတဲ့ ကားမှန်သုတ်တံကို ၁၉၀၃ ခုနှစ်မှာ Mary Anderson လို့ ခေါ်တဲ့ အမျိုးသမီးက တီထွင်ခဲ့တာဖြစ်ပါတယ်။ နှင်းအရမ်းကျတဲ့ နေ့မှာ ကားမောင်းရင်းနဲ့ မှန်သုတ်တံကို တီထွင်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
(၂) Coffee Filter
Melitta Bentz လို့ အမည်ရတဲ့ အိမ်ရှင်မတယောက်ဟာ သူတို့ခေတ်က သုံးစွဲနေတဲ့ အဝတ်စဖြင့် ကော်ဖီစစ်ခြင်းဟာ အရမ်းကို ငြီးငွေ့ဖွယ်ကောင်းတယ်လို့ ခံစားရတာကြောင့် ကော်ဖီ စစ်တဲ့ Coffee Filter ကို တီထွင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ စက္ကူစနဲ့ ကော်ဖီစစ်ကို ပြုလုပ်တဲ့ သုသေသနတွေကို ပြုလုပ်ပြီးနောက် ကော်ဖီစစ် ကုမ္ပဏီကို ၁၉၀၈ ခုနှစ်မှာ တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။
(၃) မိုနိုပိုလီ
ကမ္ဘာကျော် ကတ်ဂိမ်းတခုဖြစ်တဲ့ မိုနိုပိုလီကို ဖန်တီးသူကတော့ Elizabeth J. Phillips လို့ ခေါ်တဲ့ အမျိုးသမီးဖြစ်ပါတယ်။ ဂိမ်းကို ပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ စီးပွားရေးစနစ်ကို နားလည်ဖို့နဲ့ မြို့ပြစနစ်ရဲ့ကြောက်စရာကောင်းမှုတွေကို ပုံဖော်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
(၄) အသက်ကယ်လှေ
မီးလောင်ဒဏ်ခံပြီး သယ်ဆောင်ရလွယ်ကူတဲ့ အသက်ကယ်လှေကို စတင်ပြုလုပ်ခဲ့သူကတော့ Maria Beasley လို့ ခေါ်တဲ့ အမျိုးသမီးဖြစ်ပါတယ်။ ၁၈၈၀ ခုနှစ်မှာ ပုံဖော်ဖန်တီးခဲ့တဲ့ အသက်ကယ်လှေဟာ နောက်ပိုင်းမှာ သမိုင်းဝင် သင်္ဘောနစ်မြုပ်မှုဖြစ်တဲ့ တိုက်တန်းနစ် သင်္ဘောနစ်မြုပ်မှုမှာ အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။
Ref. Brightside
You may also like these stories:
ပိုင်ရှင်နဲ့အတူ ကမ္ဘာအနှံ့ ခရီးထွက်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်လေ့ရှိတဲ့ ကြောင်လေး
တန်ဖိုးကြီး အဝတ်အစားတွေထက် တန်ဖိုးနည်းနည်းနဲ့ ဖက်ရှင်ကျတဲ့ ကမ္ဘာကျော်များ
စာမေးပွဲကာလအတွင်းမှာ ကျန်းမာအောင် ဘယ်လိုနေထိုင်မလဲ