Trend

မွေးနေ့ပါတီမှာ ရေကူးကန်ထဲ ရေခဲခြောက်တွေ ထည့်ရာက လူသေဆုံးမှုဖြစ်

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုမှာ Instagram က လူသိများတဲ့ Influencer တယောက်ရဲ့ မွေးနေ့ပါတီ ကျင်းပနေစဉ်အတွင်း ရေကူးကန်ထဲကို ရေခဲခြောက်တွေထည့်ရာကနေ လူ ၃ ယောက် သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ Influencer ကတော့ Yekaterina Didenko လို့ အမည်ရပြီး သူ့ရဲ့ ၂၉ နှစ်မြောက် မွေးနေ့မှာ အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

၂၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရေခဲခြောက်တွေကို ပါတီလာကြတဲ့ ပရိသတ်တွေ အမြင်နဲ့ အံ့သြမှင်သက်သွားအောင် ရေကူးကန်ထဲ ထည့်လိုက်ချိန်မှာ ကန်ထဲမှာရှိနေသူတွေ အခိုးငွေ့တွေကြောင့် အသက်ရှုကြပ်ပြီး သတိမေ့မြောသွားခဲ့သလို သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။

ဒီအဖြစ်အပျက်မှာ ရေကူးကန်ထဲနဲ့ အနီးအနားက ပါတီပွဲ လာရောက် ဆင်နွှဲသူ တော်တော်များများ ဒဏ်ရာ အနာတရ ဖြစ်ခဲ့သလို အသက် ၃၂ နှစ်အရွယ် Dienko ရဲ့ ခင်ပွန်းသည် Valentin Dienko လည်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သူတို့ ဇနီးမောင်နှံရဲ့ အမေတွေကလည်း မတော်တဆဖြစ်ပြီးခါစမှာ Dienko ရဲ့ follower ၁ သန်းကျော်ရှိတဲ့ Instagram အကောင့်ကတဆင့် ဗီဒီယိုဖိုင်တင်ပြီး အကူညီ တောင်းခဲ့ပါသေးတယ်။ ရေခဲခြောက်တွေမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ခဲထားတာမို့ ရေနဲ့ ထိတွေ့မိရင် ရေငွေ့တွေ အများကြီး ထွက်လာကာ အနီးအနားမှာရှိတဲ့သူတွေကို အန္တရာယ် ဖြစ်စေပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းနေပေမယ့် လေဝင်ပေါက်နည်းတဲ့ နေရာမှာ လူတွေ များနေရာက ကာဗွန်ဒိုင်အောက်ဆိုဒ်ငွေ့တွေ ရှူမိသွားပြီး သွေးထဲရောက်ကာ သေဆုံးတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရုရှား စုံစမ်းရေးကော်မတီကလည်း အခုအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

စုံစမ်းရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ Yulia Ivanova က ယခု မတော်တဆမှုမှာ ၃ ယောက် သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပေမယ့် ဒဏ်ရာရသူ စာရင်းကိုတော့ အတိအကျ မထုတ်ပြန်နိုင်သေးပါဘူး။

Dienko ဟာ ဆေးဝါးကျွမ်းကျင်သူဖြစ်ကာ ဆေးဝါးထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ငွေကုန်ကြေးကျနည်းအောင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို Instagram က တဆင့်ဝေမျှရင်း follower အများအပြား ရှိလာသူပါ။

Ref: Independent

You may also like these stories:

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ တီထွင်ခဲ့တဲ့ ပစ္စည်းများ

ပိုင်ရှင်နဲ့အတူ ကမ္ဘာအနှံ့ ခရီးထွက်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်လေ့ရှိတဲ့ ကြောင်လေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် လူသေဆုံး

Loading