ပါကစ္စတန်နိုင်ငံက ကြုံတွေ့နေရတဲ့ ကျိုင်းကောင် ပြဿနာကို ဖြေရှင်းဖို့ အတွက် တရုတ်နိုင်ငံက ဘဲကောင်ရေ ၁ သိန်းရှိတဲ့ ဘဲတပ်သားတွေကို လွှတ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဘဲတွေ အားလုံးကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ပို့ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကျိုင်းကောင်ပြဿနာဟာ ၂၀၂၀ ခုနှစ်အစပိုင်းကစပြီး အာဖရိကအရှေ့ပိုင်းဒေသတွေမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စိုက်ခင်းတွေလည်း ပျက်စီးခဲ့ပါတယ်။ အာဖရိကအလယ်ပိုင်းဒေသတွေက စိုက်ခင်းတွေ ပျက်စီးမှုများပြားလာပြီး နောက်မှာတော့ ကျိုင်းကောင် ပြဿနာဟာ ပါကစ္စတန်နိုင်ငံကို ဦးတည်လာတာဖြစ်ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ကျိုင်းကောင်ပြဿနာကို ဖြေရှင်းပေးဖို့ အတွက် တရုတ်နိုင်ငံက ဘဲကောင်ရေ ၁ သိန်း ပါဝင်တဲ့ ဘဲတပ်သားတွေကို စေလွှတ်ပြီး ကူညီပေးမှာ ဖြစ်ပါတယ်။
“ဘဲ ၁ ကောင်က တနေ့ကို ကျိုင်းအကောင်ရေ ၂၀၀ လောက်ကို စားနိုင်တယ်။ ကျိုင်းကောင်တွေရဲ့ ပြဿနာက တော်တော်ကို ကြီးမားပြီး နှိမ်နင်းရခက်နေတယ်။ စိုက်ခင်းတွေ ရှိတဲ့ နေရာတွေမှာ သူတို့တွေက ကျက်စားကြတာ။ ပိုးသတ်ဆေးကလည်း စိုက်ခင်းတွေကို ထိခိုက်နိုင်တယ်လေ။ ကျိုင်းကောင်ရေက သန်းချီရှိတာဆိုတော့ ကျိုင်းတွေကို စားသောက်နိုင်တဲ့ ဘဲတွေကို လွှတ်ဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်”လို့ ပါကစ္စတန်နိုင်ငံက စိုက်ပျိုးမွေးမြူရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ တရုတ်နိုင်ငံသား သုသေသနပညာရှင် Lu Lizhi က ပြောပါတယ်။
ကျိုင်းကောင်များကို စားသုံးမယ့် ဘဲတွေကို စမ်းသ ပ်စစ်ဆေးမှုများအား တရုတ်နိုင်ငံအနောက်ပိုင်းဒေသတွေမှာ အရင်ပြုလုပ်မှာဖြစ်ပြီး စမ်းသပ်မှုတွေ အောင်မြင်မှသာ ပါကစ္စတန်နိုင်ငံကို ပို့ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဖရိကမှ တဆင့် ရောက်ရှိလာတဲ့ ကျိုင်းကောင်တွေဟာ ပါကစ္စတန်နိုင်ငံရဲ့ အဓိကစိုက်ပျိုးမြေတွေမှာ ကျရောက်နေတာဖြစ်ပြီး နိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ကျိုင်းကောင်အန္တရာယ်ဟာ အိန္ဒိယနိုင်ငံကိုလည်း ဝင်ရောက်နေတာကြောင့် ပါကစ္စတန်ရော အိန္ဒိယနဲ့ပါ နယ်နမိတ်ချင်းထိစပ်နေတဲ့ တရုတ်အနေနဲ့ ကြိုတင်ကာကွယ်ပြီး ဖြစ်အောင် ဘဲတွေ စေလွှတ်မှာ ဖြစ်ပါတယ်။
Ref. Time.com
You may also like these stories:
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ခြင်းကို သတိကြီးစွာ ထားပါ
ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံများ