Trend

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ကျဆင်းလာပြီး ကနေဒါဘဏ် ဘဏ်တိုးနှုန်း လျှော့ချမည်

ကနေဒါဘဏ်က ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှု၊ လောင်စာဆီ ဈေးကျဆင်းမှု၊ သယ်ယူပို့ဆောင်ရေးဖြတ်တောက်ထားမှုတွေကြောင့် စီးပွားရေးကျဆင်းလာတာကို ရင်ဆိုင်နေရတဲ့အခြေအနေမှာ အတိုးနှုန်းထားတွေကို လျှော့ချဖို့ စီစဉ်နေပါတယ်။

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်ထဲက ရှိခဲ့တဲ့ ၁ ဒဿမ ၇၅ ရာခိုင်နှုန်းကနေ ၁ ဒဿမ ၅၀ ရာခိုင်နှုန်း လျှော့ချဖို့ကို အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။


ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ ကနေဒါရဲ့ ဈေးကွက် အခြေအနေဟာ ၂၀၀၈ ခုနှစ် စီးပွားရေးအကြပ်အတည်း ဆိုက်ခဲ့တဲ့ နောက်ပိုင်းမှာ အဆိုးဝါးဆုံးဖြစ်ခဲ့တာဟာ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ ပျံ့နှံ့မှုကနေ စီးပွားရေးကျဆင်းမှုကို ဦးတည်သွားနိုင်ပါတယ်။

ကနေဒါနိုင်ငံ စီးပွားရေး အခြေအနေကို ယိမ်းယိုင်စေတဲ့ အဓိက အကြောင်းရင်းဟာ လက်ရှိဈေးကွက် အခြေအနေ ကျဆင်းလာမှုဖြစ်ပြီး ၂၀၁၉ ခုနှစ် နောက်ဆုံး ၃ လထက် ဝ ဒဿမ ၃ ရာခိုင်နှုန်း ကျဆင်းကာ ၄ နှစ်အတွင်း အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရပါတယ်။

စီးပွားရေးကျဆင်းမှုရဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ ရာသီဥတု ဆိုးရွာတာ၊ သွယ်တန်းထားတဲ့ ပိုက်လိုင်းတွေ ပိတ်ပစ်ခဲ့ရတာနဲ့ မီးရထား ဆန္ဒပြမှုတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် နေ့စဉ် မသုံးမဖြစ် လောင်စာဆီဈေးဟာ ကမ္ဘာ့စီးပွားရေး နှေးကွေးသွားတာနဲ့ အမျှ ဈေးကွက် လိုအပ်ချက် လျော့ကျသွားပြီး အရင်ပတ်ထက် ၁၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ကနေဒါဘဏ်က အတိုးနှုန်း လျှော့ချလိုက်တာဟာ စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ လုပ်ငန်းရှင်တွေ ဈေးကွက်တွင်း ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ကို ထောက်ပံ့ရာ ရောက်မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာပါတယ်။


ကနေဒါနိုင်ငံရဲ့ အတိုးနှုန်း လျှော့ချမယ့်အစီအစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေးအန္တရာယ်ကြောင့် ကမ္ဘာအနှံ့ စီးပွားရေးကျဆင်းလာမှုကို ထောက်ကန်ပေးမှုတခု အနေနဲ့ ဖြစ်လာနိုင်ပါတယ်။ IMF (International Monetary Fund) နဲ့ ကမ္ဘာ့ဘဏ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေကို အရေးပေါ်အခြေအနေတွေနဲ့ တခြားလိုအပ်တဲ့ ဆေးပစ္စည်းသုံးကိရိယာတွေ ထောက်ပံ့ပေးသွားမယ်လို့ ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကနေဒါနိုင်ငံလို ဗဟိုဘဏ်ကနေ အတိုးနှုန်း လျှော့ချသလိုပဲ ဂျပန်နိုင်ငံကလည်း လွန်ခဲ့တဲ့ အပတ်တွေက ဘဏ်တိုးနှုန်းတွေကို လျှော့ ချပေးခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံကလည်း အတိုးနှုန်း လျှော့မယ့် အစီအစဉ်ကို စတင် စဉ်းစားနေပြီး ဒီတပတ်အတွင်း ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Global News

You may also like theses stories:
Loading