ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာကို ခြမ်းခြောက်လာတဲ့ ကပ်ရောဂါ ဖြစ်လာပါတယ်။ လူအချင်းချင်း ကူးစက်နိုင်တဲ့အတွက်ကြောင့် နိုင်ငံအချို့မှာ လက်ဆွဲ နှုတ်ဆက်တဲ့ အပြုအမူမျိုး မလုပ်ကြဖို့ တိုက်တွန်း နိုးဆော်လာကြပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံပေါင်း ၇၀ နီးပါး ရှိလာပြီး မြန်မာနိုင်ငံမှာ ဓာတ်ခွဲအဖြေစောင့် လူနာ ၅ ဦးအထိ ရှိလာနေပါတယ်။ လက်ဆွဲနှုတ်ဆက်တာကနေလည်း ဗိုင်းရပ်စ်ကူးစက်နိုင်တဲ့အတွက် လက်ဆွဲ နှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ နိုင်ငံအချို့မှာ တားမြစ်လာကြပါတယ်။
အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ တယောက်နဲ့ တယောက် လက်ဆွဲ နှုတ်ဆက်တာမျိုး မလုပ်ကြဖို့ တားမြစ်ထားတဲ့ နိုင်ငံတွေပါ။
(၁) တရုတ်နိုင်ငံ
တရုတ်နိုင်ငံမှာ တယောက်နဲ့ တယောက် လက်ဆွဲနှုတ်ဆက်တဲ့ အပြုအမူမျိုးတွေ မလုပ်ကြဘဲ ပါးစပ်ကနေ နှုတ်ဆက်တဲ့ အလေ့အကျင့်မျိုးသာ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
(၂) ပြင်သစ်နိုင်ငံ
ပြင်သစ်နိုင်ငံသားတွေအနေနဲ့တော့ နေ့စဉ်ဘဝမှာ တယောက်နဲ့ တယောက် နမ်းတာ၊ လက်ဆွဲ နှုတ်ဆက်တာက သဘာဝပါ။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ဆွဲ နှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ သတင်းစာတွေမှာ ဖော်ပြနေကြပါတယ်။
(၃) သြစတြီးယားနိုင်ငံ
New South Wales ရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်သူ Brad Hazzard ကလည်း လူတဦးနဲ့ တဦး လက်ဆွဲနှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ အကြံပြုထားပါတယ်။
(၄) ဘရာဇီးနိုင်ငံ
ဘရာဇီးနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်း လူတယောက်နဲ့ တယောက် လက်ဆွဲ နှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။
(၅) ဂျာမနီနိုင်ငံ
ဂျာမနီနိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ Horst Seehofer အနေနဲ့လည်း သူ့ကို လက်ဆွဲ နှုတ်ဆွဲတဲ့အပြုအမူမျိုးကို ငြင်းဆန်ခဲ့ပါတယ်။
(၆) စပိန်နိုင်ငံ
စပိန်နိုင်ငံရဲ့ အမျိုးသားကျန်းမာရေးဝန်ကြီးဖြစ်သူ Fernando Simon ကလည်း တယောက်နဲ့ တယောက် လက်ဆွဲ နှုတ်ဆက်တာမျိုး မလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
(၇) ရိုမေးနီးယားနိုင်ငံ
မကြာခင် ရိုမေးနီးယားနိုင်ငံမှာ Martisor ပွဲတော် စတင်ပါတော့မယ်။ ဒီပွဲတော်ဟာ အမျိုးသားတွေက အမျိုးသမီးတွေကို ပန်းပေးလေ့ရှိတဲ့ နွေဦးအကြိုပွဲတော်ပါ။ စပိန်အစိုးရကတော့ ဒီပွဲတော်မှာ တဦး နဲ့တဦး ပွေ့ဖက် နမ်းတာမျိုးလုပ်ဖို့နဲ့ လက်ဆွဲ နှုတ်ဆက်တာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်။
(၈) ပိုလန်နိုင်ငံ
ဥရောပနိုင်ငံတွေထဲမှာဆိုရင်တော့ ပိုလန်နိုင်ငံဟာ ကက်သလစ်ဘာသာဝင် အများဆုံး နေထိုင်တဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့်လည်း ဘုရားကျောင်းကို လာတဲ့ လူတွေအနေနဲ့ တဦးနဲ့ တဦး လက်ဆွဲ နှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။
(၉) အီရန်နိုင်ငံ
တရုတ်နိုင်ငံပြင်ပမှာဆိုရင် အီရန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုနှုန်း အများဆုံး နိုင်ငံတနိုင်ငံပါ။ ဒါကြောင့်လည်း တဦးနဲ့တဦး ပွေ့ဖက်နမ်းတာ၊ လက်ဆွဲ နှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။
(၁၀) အာရပ်စော်ဘွားများပြည်ထောင်စု (UAE)
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှာလည်း တယောက်ကို တယောက် လက်ဆွဲ နှုတ်ဆက်တာမျိုး မပြုလုပ်ကြဖို့ နိုင်ငံသားတွေကို အကြံပြုထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကနေ လူချင်း ကူးစက်တတ်တဲ့အတွက် နိုင်ငံတကာမှာ လက်ဆွဲ နှုတ်ဆက်တာမျိုး မလုပ်ကြဖို့ တားမြစ်လာကြပါတယ်။
Ref: theguardian
You may also like these stories:
အီရန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၁၀ ဦးခန့်ရှိကြောင်း ဘီဘီစီသတင်းမှာ ဖော်ပြ
ပါကစ္စတန်ရဲ့ ကျိုင်းကောင် ပြဿနာကို ဖြေရှင်းဖို့ တရုတ်မှ ဘဲတပ်သားများ စေလွှတ်
ရေငန်ကနေ ရေချိုအဖြစ် ပြောင်းလဲပေးတဲ့ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်သုံး စက်ရုံ