Henna Crowns ဆိုတာကတော့ ရုက္ခဗေဒအမည် Lawsonia inermis ဆိုတဲ့အပင်ကနေ ရရှိတဲ့ သဘာဝဆိုးဆေး တခုဖြစ်ပြီး အိန္ဒိယ၊ မော်ရိုကိုစတဲ့ နိုင်ငံတွေမှာ ဘာသာရေးနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာပွဲတော်တွေ ကျင်းပတဲ့အခါ အသုံးပြုလေ့ရှိပါတယ်။
တက်တူးတွေကတော့ အရေပြားရဲ့ အနက်ရှိုင်းဆုံးအပိုင်းမှာ ရေရှည်ခံအောင် ဖန်တီးထားကြပြီး Henna ဆိုးဆေးတွေကတော့ အရေပြားရဲ့ အပေါ်ယံလွှာမှာတင် ၃ ပတ်ခန့် ကြာမြင့်ပါတယ်။
ကင်ဆာရောဂါကြောင့် ဆံပင်တွေ ဆုံးရှုံးရတဲ့အခါ လူ့ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားဖို့ မချင့်မရဲဖြစ်ရတဲ့ အမျိုးသမီးတွေအတွက် နေ့စဉ် အခက်အခဲတခုလို ရင်ဆိုင်နေကြရတာပါ။ ဒါကြောင့်ပဲ Reddell ရဲ့ ဦးခေါင်းမှာ Henna Crowns ရေးဆွဲမှုဟာ အဲဒီ အမျိုးသမီးတွေအတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြန်လည် ရရှိစေပြီး လူတွေရဲ့ ဂရုစိုက်ခံရမှုကနေ ကင်းလွတ်စေနိုင်ခဲ့ပါတယ်။
“အကယ်၍ လူမြင်ကွင်းမှာ လူတွေအနေနဲ့ ပြောစရာ ရှိလာတယ်ဆိုရင်လည်း သူတို့ရဲ့ ဦးခေါင်းပိုင်းမှာ လှပနေတဲ့ အနုပညာတခု အကြောင်းသာဖြစ်ပြီး သူတို့ရင်ဆိုင်နေရတဲ့ ကင်ဆာရောဂါအကြောင်း မဟုတ်တာတော့ သေချာပါတယ်” လို့ Reddell က ဆိုပါတယ်။
ပထမဆုံး ဓာတ်ကင်ဖို့ ချိန်းဆိုမှု မတိုင်ခင်မှာ အမျိုးသမီးတွေဟာ သူတို့ဆံပင်တွေကို ရှင်းလင်းလိုက်ကြရပေမယ့် Henna Crowns တွေ ရေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့် စိတ်ပိုင်းဆိုင်ရာအရ သက်သောင့်သက်သာ ရှိနေပြီး သူတို့ကိုယ်သူတို့ ပြန်လည် ထိန်းချုပ်နိုင်စွမ်းနဲ့အတူ အကောင်းမွန်ဆုံး ဖြတ်သန်းနိုင်ကြတာဖြစ်တယ်လို့ Reddell က ဖြည့်စွက် ပြောဆိုခဲ့ပါသေးတယ်။
နောက်ဆုံး ဓာတ်ကင်ဖို့အတွက် ချိန်းဆိုမှုမှာတော့ တချို့သော အမျိုးသမီးတွေဟာ Henna Crowns ကို အကြမ်းတမ်းဆုံး ဖြတ်သန်းခဲ့ရတဲ့အချိန်တွေ ကျော်လွန်လာခဲ့ပြီဆိုတဲ့ အထိမ်းအမှတ်နဲ့ အောင်ပွဲခံ ရေးထိုးလေ့ရှိကြတာလည်း Reddell အတွက် ပီတိဖြစ်စရာ အခြေအနေတခုပဲ ဖြစ်ပါတယ်။
Henna Crowns ရေးဆွဲဖို့ ရောက်လာကြတဲ့ ချိန်းဆိုမှုမှာ မိသားစုနဲ့ သူငယ်ချင်းတွေပါ ခေါ်လာတတ်ကြတာတွေ ရှိတာကြောင့် ပါတီသေးသေးလေးနဲ့ ဆင်တူပြီး စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေ ဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။
Ref. thewildchild.co.za
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လက်ဆွဲ နှုတ်ဆက်တဲ့ အပြုအမူကို တားမြစ်လိုက်တဲ့ နိုင်ငံများ
မွေးနေ့ပါတီမှာ ရေကူးကန်ထဲ ရေခဲခြောက်တွေ ထည့်ရာက လူသေဆုံးမှုဖြစ်
ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ တီထွင်ခဲ့တဲ့ ပစ္စည်းများ