ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ၊ အမျိုးမျိုးသော ဆိုရှယ်မီဒီယာ အမျိုးအစားတွေ တဖြည်းဖြည်း များပြားလာတာနဲ့အမျှ တခုနဲ့တခု အမျိုးအစား မတူညီတဲ့ Challenge တွေ၊ တိုက်ရိုက် ထုတ်လွှင့်ပြသမှုတွေ၊ ဗီဒီယိုတွေ စတာတွေဟာလည်း မရိုးနိုင်အောင်ပဲ ဖြစ်ပါတယ်။
အခုတခါမှာတော့ တရုတ်နိုင်ငံက အမျိုးသမီးတွေကြား ရေပန်းစားနေတဲ့ Challenge တခုကတော့ Headphone Wire Waist Challenge လို့ခေါ်တဲ့ ခါးကို ဖုန်းနားကြပ်ကြိုးကို အသုံးပြုပြီး ပတ်ပြတဲ့ Challenge ပဲ ဖြစ်ပါတယ်။
ဒီ Challenge ဟာ တခြားသော Challenge တွေထက် ရိုးရှင်းတယ်၊ လွယ်ကူတယ်လို့ ထင်ရပေမယ့် ခန္ဓာကိုယ် အချိုးအစား အတော်လေး ပြေပြစ်သူတွေမှ လိုက်လုပ်နိုင်မယ့် Challenge တခုပဲ ဖြစ်ပါတယ်။
ဒီ Challenge ဟာ သိပ်မကြာသေးခင်က ခေတ်စားခဲ့တဲ့ A4 Waist Challenge လိုပဲ ခန္ဓာကိုယ်အချိုးအစား ဘယ်လောက် သေးသွယ် ပြေပြစ်ကြောင်းကို လှစ်ဟပြသတဲ့ Challenge ပဲဖြစ်ပြီး လတ်တလောမှာတော့ လူသုံးအများဆုံးဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေမှာ Hashtag တွေခံပြီး ပြုလုပ်နေကြတာပါ။
ဒီ Challenge ကို လတ်တလော အချိန်အထိ ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးသမီးပေါင်း ထောင်နဲ့ သောင်းနဲ့ ချီအောင် ရှိနေပြီး Weibo မှာတော့ ဒီ Challenge ပြုလုပ်တဲ့ hashtag ကို ဝင်ရောက်ကြည့်ရှုသူပေါင်း သန်း ၂၃၀ ကျော်အထိ ရှိနေတာပါ။
ဖုန်းနားကြပ်ကြိုး အဆင်သင့် မရှိသူတွေအနေနဲ့လည်း တခြားသော သင့်တော်ရာ ကြိုးတချောင်းချောင်းကို ခါးမှာပတ်ပြပြီး ပြုလုပ်ကြသလို လွယ်မယောင် ထင်ရပေမယ့် တော်ရုံ ခန္ဓာကိုယ်အချိုးအစားလောက်နဲ့ လိုက်လုပ်ဖို့ ခက်တာကြောင့်လည်း ဆိုရှယ်မီဒီယာတွေမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ တရုတ်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ကူးစက် ပြန့်ပွားမှုဒဏ်ကို အခံရဆုံးဖြစ်နေပေမယ့် ရောဂါကူးစက်တာက သက်သက်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်အပန်းဖြေဖျောက်စရာတွေက သက်သက်လို့ ပြောရလောက်အောင် တီထွင်အစပြုလိုက်တဲ့ Challenge ဖြစ်တယ်လို့လည်း ဆိုရှယ်မီဒီယာ အသုံးပြုသူတွေက ပြောဆိုနေကြပါတယ်။
Ref. www.vice.com
You may also like theses stories:
“Bird Box” စိန်ခေါ်မှု မလုပ်ကြဖို့ Netflix သတိပေး
Facebook အကောင့်တုတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို Dwayne Johnson သတိပေး