Trend

မဟာပေါက်ကွဲမှုပြီးနောက် အကြီးမားဆုံးပေါက်ကွဲမှုကြီးအား ထောက်လှမ်းမိ

နိုင်ငံတကာရေဒီယိုနက္ခတ်ဗေဒ သုတေသနစခန်းက သိပ္ပံပညာရှင်တွေဟာ မဟာပေါက်ကွဲမှု (Big Bang)  ပြီးနောက် စကြဝဠာအတွင်းက အကြီးဆုံးပေါက်ကွဲမှုတခုကို ထောက်လှမ်းမိခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဟာ ကမ္ဘာမှ အလင်းနှစ် သန်းပေါင်း ၃၉၀ ခန့်ဝေးကွာတဲ့ နေရာက ဂလက်ဆီအစုအဝေးရဲ့ အလယ်ဗဟိုမှာရှိတဲ့ မဟာတွင်းနက်က ထွက်လာခြင်းဖြစ်ပါတယ်။ ပေါက်ကွဲမှုရဲ့ စွမ်းအင်ဟာ ယခင်တွေ့ခဲ့ဖူးတာတွေထက် ၅ဆပိုပြီး မြင့်မား တယ်လို့ သိရပါတယ်။

” ကျမတို့အနေနဲ့ ဂလက်ဆီအတွင်းကလာတဲ့ ပေါက်ကွဲမှုပေါင်းများစွာကို ကြုံဖူးပါတယ်။ ဒါပေမယ့် ဒီတခုကတော့ တကယ်ကို ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပါတယ်။ ဘာကြောင့် ဒီလောက်ကြီးမားနေရသလဲဆိုတဲ့ အဖြေကိုတော့ မသိသေးပါဘူး  ” လို့ နိုင်ငံတကာရေဒီယိုနက္ခတ်ဗေဒသုတေသနစခန်းက ပညာရှင် ပါမောက္ခ Melanie Johnston-Hollitt က ပြောပါတယ်။

ပေါက်ကွဲမှုကို မြင်သာအောင် ကြည့်မယ်ဆိုရင် ၁၉၈၀ လောက်က ပေါက်ကွဲခဲ့တဲ့ St. Helens မီးတောင်ကို အပေါ်ပိုင်းဖြတ် ထားတဲ့ ပုံစံမျိုးဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

” ပေါက်ကွဲမှုက စွမ်းအင်ကြီးမားပြီးတော့ အလွန်အမင်းကို နှေးကွေးပါတယ်။ ပေါက်ကွဲမှုတခုလုံးကို အနှေးပြကွက်နဲ့ နှစ်သန်းပေါင်း ရာနဲ့ချီ ကြည့်နေရတာနဲ့ ဆင်တူပါတယ်  ” လို့ Melanie Johnston-Hollitt က ထည့်သွင်းပြောပြခဲ့ပါတယ်။

ပေါက်ကွဲမှုဟာ ပြင်းထန်လွန်းတာကြောင့် တွင်းနက် (Black Hole) တွေရဲ့ ဘေးမှာ ဝန်းရံထားတဲ့ အလွှာတွေကိုပါ ပေါက်ပြဲသွားစေခဲ့တယ်လု့ိ X-Ray တယ်လီစကုတ်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပေါက်ကွဲမှုဖြစ်စဉ်ကို နာဆာက သိပ္ပံပညာရှင်တွေကလည်း အတည်ပြုထားပြီး သူတို့ရဲ့ ရေဒီယိုလှိုင်းထောက်လှမ်းချက်တွေနဲ့ ထပ်တူကျတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပညာရှင်တွေအနေနဲ့ ဒီဖြစ်ရပ်ကို ဆက်လက်ပြီး လေ့လာသွားမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။

Ref;sciencedaily.com, globalnews.c

You may also like these stories:

မားစ်ဂြိုဟ်ပေါ်ကို အမှတ်တရအဖြစ် သင့်နာမည် ပေးပို့နိုင်

အာကာသထဲမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ကွတ်ကီးမုန့်

လေးတွေအတွက် အိပ်ရာဝင်ပုံပြင်တွေကို အာကာသထဲကနေ ဖတ်ပြမယ့် အစီအစဉ်

Loading