အင်္ဂလန်နိုင်ငံမှာ မတ်လ ၃ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၀ ဦးကျော်ရှိနေပြီ ဖြစ်ပြီး ကူးစက်မှုအများစုဟာ လူအချင်းချင်းထိတွေ့မှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုဟာ ဖုန်းမှလည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြောင်း အင်္ဂလန်သတင်းစာတခုဖြစ်တဲ့ Daily Mail မှာ ဖော်ပြထားပါတယ်။
” ရောဂါကို ကာကွယ်နိုင်ဖို့အတွက် လက်ကို ဆေးဖြစ်ပေမယ့် ဖုန်းကိုတော့ သန့်ရှင်းရေးလုပ်ဖို့ မေ့နေကြပါတယ်။ ကျနော်တို့ သတိမထားမိပေမယ့် ဗိုင်းရပ်စ်တွေက ဖုန်းပေါ်မှာ အသက်ရှင်နေနိုင်ပြီး ဖုန်းကတဆင့် လူတွေဆီကို ပြန်ပြီး ကူးစက်နိုင်ပါတယ် ” လို့ ဆောသ်သန်တန်တက္ကသိုလ်ရဲ့ ပါမောက္ခဖြစ်သူ William Keevil က ပြောပါတယ်။
အင်္ဂလန်ဝန်ကြီးချုပ် Boris Johnson ကလည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လက်ဆေးနေတဲ့ပုံကို ” ကျနော်တို့ အနေနဲ့ ပြည်သူတွေရဲ့ စိုးရိမ်မှုတွေကို နားလည်ပါတယ်။ နောက်လာမယ့် ရက်သတ္တပတ်တွေမှာ ပိုပြီး ဂရုစိုက်ဖို့ လိုပါလိမ့်မယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားတာကို တွေ့ရပါတယ်။
အစိုးရအနေနဲ့လည်း ရောဂါပျံ့နှံ့မှုတွေ ပိုပြီး ပြင်းထန်လာတယ်ဆိုရင် ပြုလုပ်ရမယ့် အရေးပေါ်အခြေအနေတွေကို စီစဉ်ထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရောဂါကို ကာကွယ်ရမယ့် နည်းလမ်းတွေမှာ လက်ဆေးခြင်းက အကောင်းဆုံးဖြစ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ ထွက်ရှိပြီးနောက်မှာတော့ လန်ဒန်မြို့မှာရှိတဲ့ ကုန်စုံဆိုင်တွေမှာ လက်ဆေးရည်တွေ ပြတ်တောက်တဲ့အထိဖြစ်သွားတယ်လို့ သိရပါတယ်။
ဗိုင်းရပ်စ်တွေဟာ ဖုန်းတွေမှာလည်း တွယ်ကပ်နေနိုင်ကြောင်းနဲ့ ဖုန်းကို အနည်းဆုံး ၂ကြိမ်ခန့်သန့်ရှင်းရေး လုပ်သင့်ကြောင်း သန့်ရှင်းရေးလုပ်တဲ့အခါမှာလည်း အရက်ပြန်ပါဝင်တဲ့ သန့်စင်ရည်တွေနဲ့ ပြုလုပ်သင့်ကြောင့် ပါမောက္ခ Peter Hall က အကြံပြုထားပါတယ်။
ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် တတ်နိုင်သလောက် အိမ်အတွင်းမှာ နေထိုင်ကြဖို့၊ ဖျားနေပုံပေါက်တဲ့သူတွေနဲ့ ခန္ဓာကိုယ်ချင်းထိတာတွေကို ရှောင်ကြဉ်ကြဖို့နဲ့ နှာစေး၊ ချောင်းဆိုးတာတွေဖြစ်ရင် ဆရာဝန်ကို ပြသဖို့ အမိန့်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Ref; dailymail.co.uk/
You may also like these stories:
ဗိုင်းရပ်စ် မကြောက်ကြောင်းပြဖို့ ဗိမာန်ကို လျှာနဲ့ လျက်ခဲ့တဲ့ အီရန်အမျိုးသား ထောင်ကျဖွယ်ရှိ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ ၉ ဦးအထိ ရှိလာ