ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနိုင်ငံတွေ တနေ့တခြားများလာသလို လူဦးရေ ၉ သောင်းခွဲ ကျော်ဟာလည်း ရောဂါကူးစက်ခံနေရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကင်းစင်နေသေးတဲ့ နိုင်ငံတွေ ကျန်ရှိနေပါတယ်။
The Sun သတင်းစာကနေ ဗြိတိန်လူမျိုးတွေအတွက် နွေရာသီမှာ သွားရောက်လည်ပတ်နိုင်တဲ့ နိုင်ငံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒါပေမယ့်လည်း အချိန်မရွေး ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားသွားနိုင်တာကြောင့် နောက်ဆုံး ရ သတင်းတွေကို နားစွင့်ထားကြဖို့နဲ့ အဆိုပါနိုင်ငံတွေမှာလည်း သတိပေးချက်တွေ အမြင့်ဆုံးထားရှိနေဆဲပဲလို့ ဆိုပါတယ်။
အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ၃,၀၀၀ ကျော်ကူးစက်ခံနေရပြီး တခြား ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေမှာ လည်း အဆိုပါရောဂါကူးစက်မှုတွေ မြင့်နေဆဲပါ။ ဒါကြောင့် အခုလာမယ့် နွေရာသီပိတ်ရက်ရှည်တွေမှာ ခရီးသွားမယ့် သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကင်းစင်နေဆဲနေရာတွေ ရှိနေပါသေးတယ်။
ဗြိတိန်နိုင်ငံနဲ့ အနီးဆုံးမှာရှိပြီး ကိုရိုနာဗိုင်းရပ်စ် မကူးစက်ခံရသေးတဲ့ မော်လ်တာ၊ ဘူဂေးရီးယား၊ ဆိုက်ပရပ်စ် နိုင်ငံတွေရှိပြီး၊ စပိန်နိုင်ငံက ကျွန်းတွေထဲမှာ Lanzarote ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ အဆိုပါ နိုင်ငံ တွေက ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်နေဆဲအဆင့်မှာရှိပေမယ့် ခရီးသွားလာခွင့်တွေကိုတော့ ကန့်သတ်ထိန်း ချုပ်ထားတာမျိုး မရှိသေးပါဘူး။
ရောဂါကူးစက်ပျံ့နှံ့သွားတဲ့နိုင်ငံတွေမှာတော့ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ ရပ်ဆိုင်း၊ ပိတ်သိမ်းထားတာ ကြောင့် နောက်ထပ် တည်းခိုဖို့ဟိုတယ်နဲ့ လေယာဉ်လက်မှတ် ထပ်ဝယ်ရမှာတွေကြောင့် အပိုကုန်ကျစရိတ် တွေ ရှိလာနိုင်ပါတယ်။
နွေရာသီပိတ်ရက်ရှည်မှာ အပန်းဖြေဖို့အတွက် မော်လ်ဒိုက်နဲ့ Cape Verde မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိ သေးတဲ့အပြင် ခရီးသည်အဝင်အထွက်နဲ့ ပတ်သက်ပြီးတော့လည်း ထုတ်ပြန်ကြေညာချက်အသစ်တွေ မရှိသေး တာကြောင့် ရွေးချယ်နိုင်တယ်လို့ ဆိုပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့လာအိုနဲ့ မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိသေး တာကြောင့် သွားရောက်လည်ပတ်နိုင်ပေမယ့် အဓိကကူးစက်ခံနေရတဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေ တာကြောင့် သတိထားသင့်တယ်လို့ ဆိုပါတယ်။ အလားတူ တူရကီနိုင်ငံကလည်း အခုချိန်ထိ ကူးစက်ခံရတဲ့နိုင်ငံ စာရင်းထဲမှာ မပါဝင်သေးပါဘူး။
ခရီးသည်ဝင်ရောက်မှု ကျဆင်းသွားတဲ့ အင်ဒိုနီးရှားနိုင်ငံက ခရီးသွားကဏ္ဍအတွက် စတာလင်ပေါင် ၅ သိန်းသုံး စွဲကာ ကျားကန်ဖို့ကြိုးစားနေသလို၊ နယူးဇီလန် ဘဏ္ဍာရေးဝန်ကြီးကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရဲ့ ဆိုး ကျိုးတွေကို ခံစားနေရတယ်လို့ ဆိုပါတယ်။
ခရီးသွားလာရေးကနေ ဝင်ငွေအမြောက်အမြားရရှိခဲ့တဲ့ ထိုင်းနိုင်ငံမှာ ပုံမှန်ထက် ဝင်ငွေ ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ရသလို၊ အီတလီနိုင်ငံမှာလည်း ခရီးစဉ် ၉၀ ရာခိုင်နှုန်းကျော်လောက် ဖျက်သိမ်းခဲ့ရပါတယ်။
Ref: The Sun
You may also like these stories:
မဟာပေါက်ကွဲမှုပြီးနောက် အကြီးမားဆုံးပေါက်ကွဲမှုကြီးအား ထောက်လှမ်းမိ
အိမ်သာကြာကြာတက်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Toilet Timer