ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ တောင်ကိုရီးယာ၊ အီရန်နဲ့ အီတလီမြောက်ပိုင်းဒေသကို ခရီးသွား ထားတဲ့ ဘယ်နိုင်ငံသားကိုမဆို ပြည်ဝင်ခွင့် ယာယီပိတ်ထားမယ်လို့ စင်ကာပူ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ လေဆိပ်တွေမှာ ရောဂါစစ်ဆေးမှုကို တိုးချဲ့လုပ်ကိုင်နေပါတယ်။
စင်ကာပူ အမျိုးသားဖွံ့ဖြိုးရေး ဝန်ကြီးဖြစ်သူ Lawrwnce Wong ကလည်း လွန်ခဲ့တဲ့ ၁၄ ရက်ကာလ အတွင်း တရုတ်၊ တောင်ကိုရီးယား၊ အီရန်၊ အီတလီမြောက်ပိုင်းဒေသသို့ သွားရောက်ခဲ့ကြများအား ပြည်ဝင်ခွင့်ယာယီ ဆိုင်းငံ့ထားမှာဖြစ်ပြီး ရောဂါစစ်ဆေးစမ်းသပ်မှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံအနှံ့ကို လျင်လျင်မြန်မြန် ပြန့်ပွားသွားနိုင်တဲ့အတွက် စင်ကာပူနိုင်ငံအနေနဲ့ ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်အောင် အကောင်းဆုံး ဆောင်ရွက်လျက်ရှိတယ်လို့ သူကပြောပါ တယ်။ စင်ကာပူနိုင်ငံသားတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့နိုင်ငံတွေကို ခရီးသွားတာမျိုး မလုပ်ကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။
အီရန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ အီတလီမြောက်ပိုင်းဒေသတွေကို သွားရောက်ခဲ့ကြတဲ့ စင်ကာပူ နိုင်ငံသားတွေကိုတော့ ပြည်ဝင်ခွင့်ပြုမှာ ဖြစ်ပေမယ့် ရောဂါလက္ခဏာ ပြသလာခဲ့ရင် ဆေးရုံပို့နိုင်ဖို့ လူနာတင်ယာဉ်တွေကို လေဆိပ်မှာ အဆင့်သင့်ပြင်ထားပေးတယ်လို့ စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို လွန်ခဲ့တဲ့ မတ်လ ၄ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
စင်ကာပူနိုင်ငံဟာ သေးငယ်တဲ့နိုင်ငံ ဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုနှုန်း မြန်ဆန်လာနိုင်တာကြောင့် အခုလို ပြည်ဝင်ခွင့် ပိတ်ပင်ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ အခုဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ နိုင်ငံတွေကို နိုင်ငံတကာမှာ ပြည်ဝင်ခွင့် ယာယီ ကန့်သတ်တာမျိုးတွေ လုပ်လာကြပါတယ်။
အိန္ဒိယနိုင်ငံကလည်း အီရန်၊ ဂျပန်၊ အီတလီနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ယာယီကန့်သတ်လိုက်ပါတယ်။
Ref: Straitstimes
You may also like these stories:
ဆေးလိပ်သောက်သုံးသူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေများ
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ် ကူးစက်ခံရသူ ၉ သောင်းကျော်ပြီ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံကို ခရီးမသွားကြဖို့ အမေရိကန်နိုင်ငံ ကြေညာ