ညစ်ပတ်တဲ့ ငွေစက္ကူတွေကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) မှ တယောက်နဲ့ တယောက် ငွေပေးချေမှုကို လျှော့ချပြီး အွန်လိုင်း ငွေပေးချေမှု ပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဥရောပနိုင်ငံတွေကို ဆက်လက် ကူးစက်နေပါတယ်။ ဒါကြောင့်လည်း လူတွေ အနေနဲ့ ငွေစက္ကူတွေ ကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးကြဖို့ WHO က နိုးဆော်ထားပါတယ်။
တွေ့ရှိချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ဟာ ငွေစက္ကူတွေအပြင် တံခါးလက်ကိုင်တွေ၊ လက်ကမ်းစာစောင်တွေနဲ့ အိမ်သာလက်ကိုင်တွေကနေ တဆင့် ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း တခုခု ကိုင်တွယ်ပြီးတာနဲ့ လက်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။
ငွေစက္ကူဆိုတာ တယောက်နဲ့ တယောက် လက်ပြောင်း လက်လွှဲ အများဆုံး ပြုလုပ်လေ့ရှိတဲ့ အရာဖြစ် တဲ့အတွက် ဗိုင်းရပ်စ် ပိုမို ကူးစက်လွယ်တဲ့အကြောင်း WHO ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ဖြစ်နိုင်ရင် အွန်လိုင်းစနစ်နဲ့ ငွေပေးချေကြဖို့ သူက အကြံပြုထားပါတယ်။
The Bank of England အနေနဲ့ ငွေစက္ကူတွေကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တဲ့အတွက် ငွေစက္ကူကိုင်ပြီးတိုင်း လက်ပုံမှန် ဆေးကြဖို့ ဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။ ဖုန်းမျက်နှာပြင်တွေကနေတဆင့်လည်း ရောဂါကူးစက်နိုင်တဲ့အတွက် ဖုန်းမျက်နှာပြင်ကို တနေ့ ၂ ကြိမ် သန့်ရှင်းရေးပြုလုပ်ပေးသင့်ပါတယ်။
ကိုရိုနာဗိုင်းစ် နောက်ထပ် ကူးစက်နိုင်တဲ့အရာတွေကတော့ ရုံးသုံးမီးဖိုချောင်၊ ATM စက်၊ အများသုံး ရေချိုးခန်း၊ ဆေးရုံ၊ တယ်လီဖုန်း၊ လေယာဉ်ထိုင်ခုံ စတဲ့ အရာတွေပါ။ ဒါကြောင့်လည်း တခုခု အသုံး ပြုပြီးတိုင်း လက်ကို သေချာဆေးကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က တိုက်တွန်းထားပါတယ်။
Ref: The Guardian
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ နိုင်ငံများမှ ပြန်လာသူများအား စင်ကာပူ ပြည်ဝင်ခွင့် ယာယီပိတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ ကွန်ဒုံးများ အလုအယက် ဝယ်နေကြ
The Sun သတင်းစာက ထုတ်ပြန်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကင်းစင် နိုင်ငံများမှာ မြန်မာပါဝင်