Trend

မီးလောင်နေတဲ့ အိမ်ထဲကနေ ကြောင်လေးကို သွားကယ်တင်ခဲ့တဲ့ အိမ်မွေးခွေးလေး

Want create site? Find Free WordPress Themes and plugins.

မခန့်မှန်းနိုင်တဲ့ မတော်တဆ အဖြစ်ပျက်တွေဆိုတာ နေရာတိုင်းမှာ နေ့စဉ်ကြုံတွေ့နိုင်ပါတယ်။ အချိန်ခဏလေး အတွင်းမှာ မထင်မှတ်တာတွေက လက်ရှိဘဝကြီးကို ကပြောင်းကပြန် ဖြစ်သွားတာမျိုးတွေ ကြုံတွေ့နိုင်ပေမယ့် တခါတလေတော့လည်း ရင်ထဲထိစေတဲ့ အကြောင်းရာလေးတွေက ကြားလိုက်ရသူတိုင်းကို မေတ္တာရောင်ပြန် ဟပ်စေပြန်ပါတယ်။

ဒီအကြောင်းရာက ယူကရိန်းနိုင်ငံ မှာ လတ်တလော ဖြစ်သွားတာပါ။ Donetsk မြို့က စက်ရုံတခုမှာ အကြီးစားပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ မီးခိုးငွေ့တွေက ကောင်းကင်တခုလုံး မည်းမှောင်နေသလို၊ ပေါက်ကွဲမှုရဲ့ ပြင်းအားက ၅ ကီလိုမီတာ အကွာအဝေးကနေတောင် ကြားသိခဲ့ကြပါတယ်။


အနီးနားအိမ်တွေက တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ အိမ်မွေး တိရစ္ဆာန်တွေခေါ်ပြီး ဘေးလွတ်ရာကို ရှောင်ပြေးကြစဉ်မှာ အိမ်တအိမ်က ခွေးလေး တကောင်ကတော့ မီးလောင်နေတဲ့ အိမ်ထဲကို ပြေးဝင်သွားပါတယ်။ ခွေးပိုင်ရှင်လည်း စက္ကန့်ပိုင်းအတွင်း ဖြစ်သွားတဲ့ အဖြစ်ပျက်ကြောင့် သူ့အိမ်ထဲ လိုက်ဝင်ပြီး အချစ်တော် ခွေးလေး ကို ပြန်ခေါ် လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဝမ်းနည်းနေတဲ့ ပိုင်ရှင်ကတော့ မီးလောင်နေတဲ့ အိမ်ကြီးကို ငေးကြည့်နေပြီး သူ့ ခွေးလေး ပြန်လွတ်လာဖို့ကို ဆုတောင်းနေချိန်မှာ စိတ်ထဲ ရင်းနှီးနေတဲ့ အရိပ်တခုကို လှမ်းမြင်လိုက်ရပါတယ်။


သူ့အချစ်တော် ခွေးလေး က မီးလောင်နေတဲ့ အိမ်ကြီးထဲကနေ ပြေးထွက်လာတာပါ။ ဒီတခါ သူတကောင်တည်း မဟုတ်ပါဘူး။ အိမ်မှာ အတူတူ မွေးထားတဲ့ ကြောင်ပေါက်လေးကိုပါ ကိုက်ချီပြီး မီးလောင်နေတဲ့ အိမ်ထဲကနေ ပြန်ပြေးထွက်လာခဲ့တာပါ။

ကြောင်လေး နဲ့ ခွေးလေး ဟာ အရင်တည်းက အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ကြပြီး အမြဲအတူ ဆော့ကစားနေကျပါ။ မီးလောင်လို့ အားလုံး အပြင်ပြေးထွက်လာချိန်မှာ သူငယ်ချင်း ကြောင်လေးကို သတိရသွားပြီး မီးလောင်ပြင်ထဲကနေ ခွေးလေး ပြန်ပြေးကယ်ခဲ့တဲ့ အဖြစ်ပျက်ကတော့ မြင်ရသူတိုင်း သူတို့ကြားက ချစ်ခြင်းမေတ္တာကို ခံစားမိစေပါတယ်။

အနီးနားက မျက်မြင်တွေ့ခဲ့ရသူတွေကလည်း လူသားတယောက်တောင် လုပ်နိုင်ဖို့ ခဲယဉ်းတဲ့ ကိစ္စရပ်ကို သတ္တိရှိရှိ သွားကယ်ခဲ့တဲ့ ခွေးလေး ကို သူရဲကောင်းတယောက်လို ချီးကျူးနေကြပါတယ်။

ခွေးလေး ဟာ အန္တရာယ်ကြုံ တွေ့နေစဉ်မှာ သူငယ်ချင်းဖြစ်သူကို မေ့မထားဘဲ ရဲရဲဝံ့ဝံ့ သွားရောက်ကယ်တင်ခဲ့တဲ့ အဖြစ်ပျက်လေးကတော့ တိရစ္ဆာန်တွေကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာအပြင် လူသားတွေရဲ့ အချစ်တော်အဖြစ် ထိုက်တန်တယ်ဆိုတာ ပြသခဲ့တဲ့ ပုံရိပ်လေးပဲ ဖြစ်ပါတော့တယ်။

Ref: Successful Flow

You may also like these stories:

ရဲစခန်းထိလာပြီး လမ်းပျောက်နေကြောင်း အသိပေးခဲ့တဲ့ ခွေးလေး

ခွေးတွေကို လူသားတွေရဲ့ မိတ်ဆွေအဖြစ် အသိအမှတ်ပြုပွဲတော် နီပေါနိုင်ငံမှာ ကျင်းပ

အိမ်မှာအထီးကျန်စွာ ကျန်ခဲ့ရတဲ့ အိမ်မွေးခွေးတွေအတွက် သီချင်း Playlist မိတ်ဆက်လိုက်တဲ့ Spotify

Did you find apk for android? You can find new Free Android Games and apps.
Loading