ကမ္ဘာ့အနောက်ဘက်တဝှမ်းမှာ Snow White ၊Cinderella အစရှိတဲ့ Disney ရဲ့ ဇာတ်ကောင်တွေဟာ လူသိများ ထင်ရှားတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့အချိန်နဲ့နှစ်တွေကို တကမ္ဘာလုံးအတိုင်းအတာရ ပြန်လည်ကြည့်ရှု မယ်ဆိုရင်တော့ Animation ရုပ်ရှင်သမိုင်းမှာ Studio Ghibli ရဲ့ Totoro ဟာ အသက်အရွယ်မရွေး နှစ်သက်မြတ်နိုးကြတဲ့ ဇာတ်ကောင်ပဲဖြစ်ပါတယ်။ လှပတဲ့ပြင်ပကမ္ဘာရဲ့ သဘာဝရှုခင်းနဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတည်ဆောက်ပုံတွေကို အချိုးကျကျစွဲထင်စေနိုင်ခဲ့တဲ့ Studio တခုဆိုလည်း မှားနိုင်မယ်မထင်ပါဘူး။
Ainu ရိုးရာပုံပြင်တွေထဲက Koropokkuru လို့ခေါ်တဲ့ ဒဏ္ဍာရီလာသတ္တဝါကို ပြန်လည်မှီငြမ်းဖန်တီးထားတဲ့ Totoro ကို သဘောကျသူတွေဟာ Totoro လို့ဆိုလိုက်တာနဲ့ သူ့ပုံရိပ်ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိလေ့ရှိကြတာပါ။ Totoro ကို ချစ်မြတ်နိုးသူပရိသတ်တွေထဲကမှ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ အဘိုးအဘွားစုံတွဲဟာ Totoro အရုပ်ကိုဖန်တီးပြီး သူတို့နေထိုင်ရာမြို့ကလေးရဲ့ ကားမှတ်တိုင်မှာ ထားရှိပေးထားတာဖြစ်ပါတယ်။
အခုချိန်မှာတော့ အဲ့ဒီမှတ်တိုင်လေးဟာ Totoro အရုပ်လေးနဲ့ ကြည်နူးစရာကောင်းနေတာဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ အနယ်နယ်အရပ်ရပ်က Totoro ပရိသတ်တွေဟာ နေထွက်ချိန်ကို ငေးကြည့်ရင်း ဓာတ်ပုံရိုက်ကူးကြဖို့ ခရီးထွက်လာကြပါတယ်။ရိုက်ကူးပြီးတဲ့ ဓာတ်ပုံတွေကို ပြန်လည်မျှဝေကြရာကနေ Totoro မှတ်တိုင်လေးမှာ စည်ကားနေတော့တာပါ။
Totoro အရုပ်ကို ပြုလုပ်ခဲ့သူအဘိုးအိုကလည်း သူစတင်ဖန်တီးခဲ့ချိန်ကစလို့ ပြီးဆုံးသွားချိန်အထိ ဓာတ်ပုံများ ပြန်လည်မျှဝေခဲ့တာပါ။ ဒီအတွက် ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ကိုပါ ကမ္ဘာတဝှမ်းက Totoro ပရိသတ်တွေအထိ နွေးထွေးစေခဲ့တာလည်းဖြစ်ပါတယ်။
သစ်သားနဲ့ဘိလပ်မြေကို အဓိကထားအသုံးပြုထားတာဖြစ်ပြီး အုတ်ခဲတွေကိုတော့ လုံးဝန်းတဲ့ခန္ဓာကိုယ်ပုံစံ အတွက်ရည်ရွယ်ကာ ဝမ်းပန်းတသာပြုံးရယ်ပြနေတဲ့ Totoro အဖြစ် ဆန်းသစ်ဖန်တီး တည်ဆောက်ထားတာပါ။
ညနေဆည်းဆာအချိန်မှာတော့ Totoro ရဲ့ အရောင်ဟာ ဆန်းကြယ်လှပနေတာဖြစ်ပြီး တွေ့မြင်ရသူတွေအဖို့ ဒဏ္ဍာရီပုံပြင်တွေထဲ ပြန်လည်ရောက်ရှိသွားသလို ခံစားကြရမှာဖြစ်ပါတယ်။ ကလေးလူကြီး အသက်အရွယ်မရွေး Totoro ကို လာရောက်တွေ့ဆုံကြတဲ့ မြင်ကွင်းတွေဟာ တွေ့မြင်ရသူတွေပါ ဝမ်းသာပီတိကူးစက်စေမယ့် ကြည်နူးစရာတခုပဲဖြစ်ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
မီးလောင်နေတဲ့ အိမ်ထဲကနေ ကြောင်လေးကို သွားကယ်တင်ခဲ့တဲ့ အိမ်မွေးခွေးလေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ ကွန်ဒုံးများ အလုအယက် ဝယ်နေကြ
The Sun သတင်းစာက ထုတ်ပြန်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကင်းစင် နိုင်ငံများမှာ မြန်မာပါဝင်