ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့လာမှာကို ကာကွယ်တဲ့အနေနဲ့ ဂျပန်နိုင်ငံဟာ နှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်ကို ဖျက်သိမ်း လိုက်ပါတယ်။ တခြားကမ္ဘာ့နိုင်ငံတွေမှာလည်း လူစည်ကားတဲ့ ပွဲတော်ကျင်းပတာတွေကို ရပ်နားထားကြ ပါတယ်။
တိုကျိုနဲ့ အိုဆာကာမြို့တွေမှာ ဧပြီလဆို နှစ်စဉ်ကျင်းပတဲ့ ရိုးရာချယ်ရီပန်းပွဲတော်ကို ကြည့်ရှုဖို့အတွက် လူပေါင်း သန်းနဲ့ချီလာရောက်ကြပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာတာကို ကာကွယ်တဲ့အနေနဲ့ ဒီနှစ်ပွဲတော်ကို ဖျက်သိမ်း ခဲ့ပါတယ်။ “အဖြူရောင်နဲ့ ပန်းရောင်ချယ်ရီပန်းတွေကို ကြည့်ဖို့ အားခဲထားတဲ့ ဧည့်သည်တွေကို အနူးအညွတ်တောင်းပန်ပါ တယ်။ အားလုံးလည်း အခြေအနေကို နားလည်ပေးမယ်ထင်ပါတယ်”လို့ တာဝန်ရှိသူတဦးက ဆိုပါတယ်။
ရိုးရာချယ်ရီပန်းပွဲတော်ကြီး မကျင်းပဖြစ်ပေမယ့် တခြားချယ်ရီပန်း ပွဲတော်လေးတွေကိုတော့ ကျင်းပဖို့ရှိနေပါ တယ်။ နောက်ထပ် ဒေသခံတွေနဲ့ ပြည်ပခရီးသွားတွေ လာလေ့ရှိတဲ့ တိုကျိုမြို့က Nakameguro ချယ်ရီပန်းပွဲ မှာတော့ လမ်းတလျှောက်က ပွင့်နေတဲ့ချယ်ရီပန်းတွေကို လာရောက်ကြည့်ရှုနိုင်မှာပါ။
မကြာခင် ချယ်ရီပန်းတွေ ပွင့်လာချိန်မှာ ဂျပန်လူမျိုးတွေဟာ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ချယ်ရီပန်းပင် တွေဆီလာကာ ပျော်ပွဲစားထွက်ရင်း အချိန်ကုန်ဆုံးကြပါတယ်။ ဂျပန်အစိုးရတာဝန်ရှိသူတွေကတော့ ပွဲတော် တွေကို ဖျက်သိမ်းလိုက်တာဟာ နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀ ကျော်ရှိနေပြီး ၆ ဦးသေဆုံး သွားမှုကို တားဆီးတဲ့အနေနဲ့ ကိုင်တွယ်ဖြေရှင်းလိုက်ရတာပါ။
ဖေဖော်ဝါရီလကပဲ ဂျပန်ဝန်ကြီးချုပ်က ကျောင်းတွေ ပိတ်လိုက်တဲ့အကြောင်းကို ကြေညာခဲ့သလို၊ ဝန်ထမ်းတွေ ကို ဖြစ်နိုင်ရင် အိမ်ကနေပဲအလုပ်လုပ်ကြဖို့နဲ့ လူရှုပ်တဲ့အချိန်တွေမှာ အများသုံးယာဉ်တွေစီးတဲ့အခါ ဂရုစိုက်ကြ ဖို့ သတိပေးထားပါတယ်။
တိုကျိုက Disneyland နဲ့ DisneySea ကို ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ၂ ပတ် ကြာ ခေတ္တပိတ်ထားပါတယ်။ အိုဆာကာမှာရှိတဲ့ Japan Universal Studio ကိုလည်း ၂ ပတ်ကြာ ပိတ်သိမ်း ထားမှာ ဖြစ်ပါတယ်။
ဒါ့ပြင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၄ ရက်ကနေ သြဂုတ် ၉ ရက်နေ့ထိ ဂျပန်နိုင်ငံမှာကျင်းပမယ့် အိုလံပစ် ပွဲတော်ကြီးကို နှစ်ကုန်ပိုင်းထိ ပြောင်းလဲကျင်းပနိုင်ဖွယ်ရှိတယ်လို့ ဂျပန်အိုလံပစ်ဝန်ကြီးက ပြောကြားခဲ့ပါသေး တယ်။
Ref: CNA
You may also like these stories:
Animation ရုပ်ရှင်ထဲကအတိုင်း Totoro မှတ်တိုင် ဖန်တီးလိုက်တဲ့ ဂျပန်ကစုံတွဲ
ဝူဟန်ပြင်ပ ဟူဘေးပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်ကူးစက် အသစ်မတွေ့ရတော့
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ဂျပန်ရှိ ကျောင်းများ အားလုံး ပိတ်မည်