• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ဖိလစ်ပိုင်မှာ တရားမဝင် ကလေးရောင်းစားတဲ့ဈေးကွက် တွင်ကျယ်နေ

by Aurora
9 March 2020
in Trend
A A
ဖိလစ်ပိုင်ရဲ့ ဆင်းရဲချို့တဲ့တဲ့အသိုင်းဝိုင်းမှာတော့ ကလေးရောင်းတာဟာ တွင်ကျယ်တဲ့ ဈေးကွက်တခုဖြစ်နေပါပြီ

ဖိလစ်ပိုင်ရဲ့ ဆင်းရဲချို့တဲ့တဲ့အသိုင်းဝိုင်းမှာတော့ ကလေးရောင်းတာဟာ တွင်ကျယ်တဲ့ ဈေးကွက်တခုဖြစ်နေပါပြီ

15.3k
VIEWS
Share on FacebookShare on Twitter

ဖိလစ်ပိုင်နိုင်ငံမှာ မိခင်တချို့ဟာ ရင်သွေးငယ်တွေကို ပြုစုစောင့်ရှောက်ဖို့ မတတ်နိုင်တာကြောင့် တရားမဝင် ကလေးမွေးစားဖို့အတွက် ရောင်းစားနေကြပါတယ်။ ရောင်းစားချင်လို့ ပေးပစ်တာမဟုတ်ဘဲ ငွေလိုလို့သာ လုပ်ရတာပါလို့ မိခင်တွေက ဆိုပါတယ်။

မနီလာမြို့ဆိပ်ကမ်းနားက လူရှင်းတဲ့ ပန်းခြံထဲမှာ အသက် ၂ လအရွယ်ကလေးမိခင် Christine ဟာ သားလေး ကို အဝတ်စတခုနဲ့ နေရောင်ကာထားပြီး နို့တိုက်ကျွေးနေပါတယ်။ ကလေးမမွေးခင်မှာဘဲ ခင်ပွန်းဖြစ်သူ သေသွားတာကြောင့် ကလေးကို ပြုစုစောင့်ရှောက်ဖို့ Christine တယောက်တည်း မတတ်နိုင်တာမို့ မွေးစားမယ့်သူ လက်ထဲ ရောင်းဖို့ကလွဲလို့ မစဉ်းစားတတ်တော့ပါဘူး။ Christine ဟာ သူ့သားလေးကို ဒေါ်လာ ၂၀၀ တန်တယ် လို့ သတ်မှတ်ထားပြီး ပေးနိုင်တဲ့ ဘယ်သူဆီကိုမဆို မွေးစားခွင့်ပေးမယ်လို့ ဆုံးဖြတ်ထားပါတယ်။

RelatedPosts

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
220
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
686
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.5k

“ကျမ ကလေးကို ရောင်းလိုက်တဲ့ပိုက်ဆံနဲ့ ဈေးရောင်းပြီး စီးပွားရေးတခု စလုပ်ဖြစ်ပါတယ်။ အနည်းဆုံးတော့ ကလေးကို ရင်းလိုက်ရလို့ ရလာတဲ့ပိုက်ဆံကို အကျိုးရှိရှိသုံးလိုက်နိုင်တာပဲလေ” လို့ ကလေးရောင်းစားဖူးခဲ့သူ အသက် ၂၉ နှစ်အရွယ် မိခင်တဦးက ဆိုပါတယ်။

ဖိလစ်ပိုင်နိုင်ငံ ဆင်ရဲသားဘဝက သူတွေဟာ ဆင်းရဲနုံချာတဲ့ဘဝကနေ လွတ်မြောက်ဖို့ဆိုတာ အလှမ်းဝေးကွာ လွန်းပါတယ်။ နေ့စဉ်ဘဝတွေကို အမှိုက်ပုံသာသာနေရာမှာ ဖြတ်သန်းနေရပြီး တချို့ကလေးတွေဆိုရင် နို့အစား ရေပဲသောက်နေရတာမျိုး ရှိပါတယ်။

Christine တယောက် မနှစ်ကဒီလိုအချိန်မှာ ကိုယ်ဝန်စလွယ်ထားရတည်းက မွေးလာမယ့်ကလေးက သူ့လိုပဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာသိလို့ တခြားမိခင်တွေလို တရားမဝင်မွေးစားမယ့်သူတွေလက်ထဲ ရောင်း ဖို့ စဉ်းစားထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေမှာတော့ စီးပွားရေးအရ ကလေးငယ်တွေကို မွေးစားတာဟာ လူကုန်ကူးမှုဥပဒေအရ တရားမဝင် အဖြစ် သတ်မှတ်ထားပါတယ်။ ကျူးလွန်သူဟာ ထောင်ဒဏ်တသက်တကျွန်း နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၄ သောင်း ကနေ ၉ သောင်း ၉ ထောင်ထိ ပေးဆောင်ရမှာဖြစ်ပါတယ်။

Christine လို အလုပ်လက်မဲ့ဘဝကသူတွေဟာ တနေ့ဝင်ငွေ ၂ ဒေါ်လာနီးပါးပဲ ရှိကြတာမို့ ကလေးတယောက် ပြုစုစောင့်ရှောက်ဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စတခုပါ။ ဒါကြောင့်လည်း သားသမီးတွေကို ရောင်းစားပြီး ရတဲ့ပိုက် ဆံနဲ့ ဘဝသစ်ပြန်စဖို့ စိတ်ကူးကြပါတယ်။

ဒါပေမယ့်လည်း ကလေးကို ငွေလိုလို့သာရောင်းရတာဖြစ်ပြီး ကလေးရောင်းစရာမလိုဘဲ ငွေရမယ်ဆိုရင် ပြုစု စောင့်ရှောက် သွားမှာပေါ့လို့ Christine က ဆိုပါတယ်။ ကလေးကို ရောင်းလိုက်ရတဲ့အတွက်လည်း သူ့အသည်း နှလုံးတွေ နာကျင်ခံစား ရပါတယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်ရဲ့ ဆင်းရဲချို့တဲ့တဲ့အသိုင်းဝိုင်းမှာတော့ ကလေးမွေးစားဖို့ ရောင်းတယ်ဆိုတာ တွင်ကျယ်နေတဲ့ ဈေးကွက် တခုဖြစ်နေပြီး အစီအစဉ်မရှိဘဲ ရလာတဲ့ကိုယ်ဝန်တွေကို ဖျက်ချဖို့ဆိုတာ ဥပဒေအရ တားမြစ်ထားတာမို့ ကလေးငယ်လေး တွေကို မွေးစားချင်တဲ့သူတွေလက်ထဲ တန်ရာတန်ကြေးနဲ့ ပြန်ရောင်းစားလာကြတာပါ။

စုံစမ်းစစ်ဆေးမှုတွေအရ ဖိလစ်ပိုင်ကလေးငယ်တွေကို အသက်ရွယ်ပေါ်မူတည်ပြီး တယောက်ကို အမေရိကန် ဒေါ်လာ ၁၀၀ ကနေ ၅၀၀ ကြားသတ်မှတ်ကာ အရောင်းအဝယ်လုပ်ကြတယ်လို့ ဆိုပါတယ်။ ကြီးလေးတဲ့ ဥပဒေကြောင့်လည်း ရောင်းသူ၊ ပွဲစားနဲ့ ဝယ်သူ (မွေးစားသူ) တွေကြားမှာ နှုတ်လုံအောင် ပိတ်ထားကြပါတယ်။

ကုလသမဂ္ဂ နိုင်ငံတကာအလုပ်သမားအဖွဲ့စည်း (ILO) က ထုတ်ပြန်ချက်အရ ကမ္ဘာ့တလွှား လူကုန်ကူးခံရတဲ့ ကလေးငယ်တွေဟာ များသောအားဖြင့် အိမ်အကူတွေဖြစ်လာကြတယ်လို့ ဆိုပါတယ်။ တချို့ကတော့ တကယ့် ကို ချစ်မြတ်နိုးလို့ ခေါ်သွားကြတာရှိသလို တချို့ကျပြန်တော့လည်း အိမ်မှာခိုင်းဖို့အတွက် ခေါ်သွားကြတာလို့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref: CNA

You may also like these stories:

မွေးနေ့ပါတီမှာ ရေကူးကန်ထဲ ရေခဲခြောက်တွေ ထည့်ရာက လူသေဆုံးမှုဖြစ်

ဆန်ဈေးများ ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းခန့် မြင့်တက်

Your Thoughts …
Tags: ကလေးရောင်းစားတရားမဝင်ဖိလစ်ပိုင်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

မြန်မာနိုင်ငံသို့ ပို့မည့် Starlink များနှင့်အတူ ဆက်စပ်သူ ၁၀ ဦး အဖမ်းခံရ

by ဧရာဝတီ
8 August 2024
6.2k

အမှုနှင့် ဆက်စပ်နေသောနေရာများကို လိုက်လံစစ်ဆေးရာ မြန်မာနိုင်ငံသား ၈ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်းနှင့် ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၁၀ ဦးမှာ ကျောင်းသားများဖြစ်ကြကြောင်း

စည်းနဲ့ကမ်းနဲ့ ဖြတ်သန်းရင် ပန်းပန်နိုင်တဲ့ အနေအထားရောက်သွားမယ်

စည်းနဲ့ကမ်းနဲ့ ဖြတ်သန်းရင် ပန်းပန်နိုင်တဲ့ အနေအထားရောက်သွားမယ်

by ယုဖြူဟန်
23 February 2025
2.5k

ကုလသမဂ္ဂရဲ့ ရွှေ့ပြောင်းလုပ်သားပြဋ္ဌာန်းချက်တွေမှာ တရားမဝင်သောလူသားဆိုတာ မရှိဘူးတဲ့။ အခုတော့ ခြွင်းချက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေအမျိုးမျိုးအစုံစုံတို့ဟာ တရားမဝင်တဲ့လူသားတွေ ရှိတယ်ဆိုတာကို ရေပေါ်မှာအရုပ်ရေးလိုက်ပြီလို့ပဲ ပြောချင်ပါတယ်။

မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပစဉ် အထောက်အထားမရှိ မြန်မာများ ဖမ်းဆီးခံရ

မလေးရှားတွင် ခရစ္စမတ်ပွဲကျင်းပစဉ် အထောက်အထားမရှိ မြန်မာများ ဖမ်းဆီးခံရ

by The Irrawaddy
17 December 2024
1.6k

ဖမ်းဆီးခံရသူများမှာ အမျိုးသား ၅၅ ယောက်နှင့် အမျိုးသမီး ၁၄ ယောက်တို့ ပါဝင်ပြီး ၎င်းတို့မှာ အသက် ၂၀ နှင့် ၄၆ နှစ်ကြားအရွယ်များ ဖြစ်ကာ Nilai မြို့တဝိုက်တွင် အလုပ်လုပ်ကိုင်နေသူများနှင့် တချို့မှာ ကွာလာလမ်ပူ၊...

ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား

ရွှေ့ပြောင်းလုပ်သား မူဝါဒအပြောင်းအလဲ ထိုင်းရောက်မြန်မာတွေအတွက် အဆင်ပြေနိုင်မလား

by ဧရာဝတီ
1 October 2024
587

ထိုင်းအစိုးရအနေဖြင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ၄ နိုင်ငံမှ အထောက်အထားမဲ့ နိုင်ငံသားများအား အလုပ်သမားလူသစ်မှတ်ပုံတင်ခွင့် ပြုသွားမည်ဖြစ်ပြီး ၎င်းတို့နှင့်အတူ ပါလာသည့် မှီခို အသက် ၁၈ နှစ်အောက် ကလေးများကိုပါ တရားဝင် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း...

--

တနင်္သာရီမှာ သင်းခွေချပ် ရောင်းရန်ရှိသည်

by ဟိန်းထက်
31 August 2020
10k

သင်းခွေချပ်များသည် ကမာ္ဘပေါ်တွင် တရားမဝင် ကုန်ကူးမှု အများဆုံးခံရသည့် တောရိုင်းတိရိစ္ဆာန်ဖြစ်သည်ဟု ယုံကြည်ရသည်။

ဖိလစ်ပိုင်နိုင်ငံရဲ့ လူကြိုက်များတဲ့ နေရာများ

ဖိလစ်ပိုင်နိုင်ငံက လူကြိုက်များတဲ့ နေရာ ၈ ခု

by Crayon
18 September 2018
11.2k

စွန့်စားခန်းတွေကို စိတ်ဝင်စားပြီး စိတ်လှုပ်ရှားတဲ့အရာတွေ ဖန်တီးချင်ရင်တော့ Danao မြို့မှာ Adventure Parks ရှိပါတယ်။ အမြင့်ပေ ၁၃၀ လောက်ကနေ ခုန်ချပြီး sky bike စတဲ့ ဂိမ်းတွေ ဆော့နိုင်မှာဖြစ်ပါတယ်။

Next Post
“ရန်ကုန်သားလေး ကျွန်တော်” သီချင်းကို သီဆိုဖျော်ဖြေနေတဲ့ Project Kအဖွဲ့  / ယုဖြူဟန် / ဧရာဝတီ

“ရန်ကုန်သားလေး ကျွန်တော်” သီချင်းကို ပြန်လည်သီဆိုတဲ့ အကြောင်းပြောပြတဲ့ Project K

ပါရီ အခြေစိုက် Financial Action Task Force (FATF) ၏ စောင့်ကြည့် စာရင်းတွင် ထည့်သွင်းခံရရန် ရှိနေကြောင်း Reuters သတင်းကဆိုသည် / Reuters

ငွေကြေးခဝါချမှု စောင့်ကြည့် နိုင်ငံစာရင်းမှ ထွက်ရန် ၁၅ လအတွင်း ကြိုးပမ်းမည်

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.3k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate