Trend

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့ကြတဲ့ ဘီလီယံနာ သူဌေးများ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာအနှံ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဟန့်တားရေးလုပ်ငန်းတွေအတွက် ဘီလီယံနာသူဌေးတွေက အလှူငွေတွေ ထည့်ဝင် လှူဒါန်းခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ လူပေါင်း ၁ သိန်း ၁ သောင်းကျော် ကူးစက်ခံနေရပြီး ၃,၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။

လှူဒါန်းငွေ သန်း ၁၂၉ ဒဿမ ၆၅ သန်းကျော် ရှိနေပေမယ့်လည်း ကမ္ဘာအနှံ့ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တ ရာယ်ကိုတော့ ထိထိရောက်ရောက် ကူညီနိုင်ခြင်း မရှိသေးပါဘူး။ လှူဒါန်းငွေတွေကို အချိုးကျခွဲဝေပြီး အဆိုးဆုံး ခံးစားနေရတဲ့နေရာတွေကို အဓိကထား ခွဲဝေပေးတယ်လို့ ဆိုပေမယ့် ကူးစက်မှု ဗဟိုနေရာ ဝူဟန်မြို့က ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကတော့ ဘာအကူညီမှ ရရှိတာမျိုး မရှိသေးဘူးဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားကြပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် လှူဒါန်းကြတဲ့ထဲမှာ ကမ္ဘာတလွှားက ဘီလီယံနာ ၅၀၀ ကျော်ဆီကနေပဲ အလှူငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။

အလီဘာဘာ တည်ထောင်သူ ဂျက်မား

အလီဘာဘာ တည်ထောင်သူ ဂျက်မားကလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်ရေးအတွက် သုတေသန လုပ်ငန်းတွေမှာ တရုတ်ယွမ် သန်း ၁၀၀ ကျော် (အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၅ သန်း) ကို လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့ပြင် ဂျက်မားဟာ သြစတြေးလျနိုင်ငံ၊ ကာကွယ်ရေးနဲ့ကုသရေး Peter Doherty Institute ကိုလည်း အလှူ ငွေ ၂ ဒဿမ ၁၅ သန်း ထပ်မံ လှူဒါန်းခဲ့ပါတယ်။

ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ

နောက်ထပ် ဘီလီယံနာတဦးဖြစ်တဲ့ ဘီလ်ဂိတ်ရဲ့ Bill and Melinda Gates ဖောင်ဒေးရှင်းကလည်း ဒေါ်လာ သန်း ၁၀၀ ကျော် ပါဝင်လှူဒါန်းခဲ့ပြန်ပါတယ်။ ဘီလ်ဂိတ်က လှူဒါန်းလိုက်တဲ့ ငွေတွေကို အာဖရိကနဲ့ အရှေ့တောင်အာရှတို့လို ဆင်းရဲတဲ့နိုင်ငံတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဆေးဘက်ဆိုင်ရာဝန် ထမ်းတွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ ကူညီဖို့ အကြံပြုခဲ့ပါတယ်။

ဟောင်ကောင် အချမ်းသာဆုံး သူဌေးကြီး Li Ka Shing

ဟောင်ကောင်အချမ်းသာဆုံး သူဌေးကြီး Li Ka Shing ကလည်း ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ (အမေရိ ကန်ဒေါ်လာ ၁၃ သန်း) ကို ဝူဟန်မြို့မှာရှိတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝူဟန်မြို့မှာ ၈ ရက်နဲ့ အရေးပေါ်တည်ဆောက်လိုက်ရတဲ့ ဆေးရုံတွေမှာ အလုပ်လုပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကတော့ အခုချိန်ထိ အထောက်အပံ့ အကူညီတွေ မရရှိသေးဘူးလို့ ဆိုပါတယ်။

ဖက်ရှင်ဒီဇိုင်နာ Giorgio Armani

ဖက်ရှင်ဒီဇိုင်နာ Giorgio Armani ကလည်း အီတလီနိုင်ငံမှာ လတ်တလော ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ယူရိုငွေ ၁ ဒဿမ၂၅ သန်း (အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄၃ သန်း) ထည့်ဝင် လှူဒါန်းလိုက်ပါတယ်။

အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာကြီးဟာ မီလန်နဲ့ Rome မှာရှိတဲ့ ဆေးရုံ နှစ်ရုံ မှာ လိုအပ်တာတွေအသုံးပြုဖို့ လှူဒါန်းပေးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အီတလီနိုင်ငံဟာ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် ဒုတိမြောက် လူသေဆုံးမှုအများဆုံးဖြစ်ပြီး ၃၆၆ ယောက် သေဆုံးခဲ့ပါတယ်။

Ref: Business Insider

You may also like these stories:

ကမ္ဘာ့အချမ်းသာဆုံး ဒုတိယနေရာကို ရောက်ရှိလာတဲ့ ပြင်သစ် ဘီလီယံနာသူဌေး Bernard Arnault

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဝူဟန် ခရီးစဉ်

ငွေစက္ကူတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ WHO ပြောကြား

Did you find apk for android? You can find new Free Android Games and apps.
Loading