ကိုရိုနာဗိုင်းရပ်စ်ကြာင့် မြောက်ကိုရီးယားစစ်သားပေါင်း ၂၀၀ ကျော်သေဆုံးပြီး လူထောင်ပေါင်းများစွာကို သီးသန့်ခွဲထားရကာ ရောဂါကုသပေးနေရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ တရားဝင် သတင်းစာမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြောက်ကိုရီးယားနိုင်ငံကို မရောက်သေးဘူးလို့ ဖော်ပြထားပေမယ့် တောင်ကိုရီးယားသတင်းစာမှာတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်သား ၂၀၀ ကျော် သေဆုံးပြီး လူပေါင်း ၄၀၀၀ လောက်ကို သီးခြားခွဲပြီး ဆေးကုသပေးနေတယ်လို့ ဖော်ပြထားပါတယ်။
တောင်ကိုရီးယားသတင်းစာဖြစ်တဲ့ The Daily NK ကတော့ မြောက်ကိုရီးယား စစ်တပ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားအစိုးရအနေနဲ့ ရောဂါဖြစ်ပွားနေတဲ့ စစ်တပ်အတွင်းမှာ ပိုးသတ်ဆေးဖြန်းတာ၊ ရောဂါလက္ခဏာ စောင့်ကြည့်တာတွေကိုဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း လူ ရာနဲ့ချီသေဆုံးခဲ့ရပြီဖြစ်ပေမယ့် အစိုးရကတော့ ကိုရိုနာဗိုင်းရပ်စ် မြောက်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားမှု မရှိသေးဘူးလို့သာ ငြင်းဆန်နေတုန်းပါပဲ။
တောင်ကိုရီးယားသတင်းဌာနတခုဖြစ်တဲ့ Yonhap ကလည်း မြောက်ကိုရီးယားနိုင်ငံမှာ လူပေါင်း ၁ သောင်း နီးပါးကို သီးခြားခွဲပြီး ရောဂါစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် လူပေါင်း ၄၀၀၀ နီးပါး ရောဂါဖြစ်ပွားမှု မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ သတင်းအချက်အလက် ထိမ်ချန်တတ်တဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့် လူသေဆုံးမှု ပမာဏနဲ့ ရောဂါဖြစ်ပွားသူ အရေအတွက် တိတိကျကျ မသိရသေးပါဘူး။ အစိုးရသတင်းစာတစောင်ဖြစ်တဲ့ Rodong Sinmun သတင်းစာမှာတော့ မြောက်ကိုရီးယားနိုင်ငံမှာ ကိုရိုနာ ဖြစ်ပွားသူ မရှိသေးဘူးလို့သာ ဆိုထားပါတယ်။
အခုအချိန်မှာတော့ တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၁၀,၀၀၀ ကျော် ရှိနေပြီး လူပေါင်း ၃၉၀၀ ကျော် သေဆုံးခဲ့ရပါပြီ။ ဒါကြောင့်လည်း မြောက်ကိုရီးယားအစိုးရအနေနဲ့ ကိုရိုနာနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တိတိကျကျ ထုတ်ပြန်ပေးဖို့ တကမ္ဘာလုံးက တောင်းဆိုနေကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံဖြစ်သလို ကျန်းမာရေး စောင့် ရှောက်မှု အားနည်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
Ref: msn
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အလှူငွေထည့်ဝင်ခဲ့ကြတဲ့ ဘီလီယံနာ သူဌေးများ
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြနေတဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဝူဟန် ခရီးစဉ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျမှာ ကွန်ဒုံးများ အလုအယက် ဝယ်နေကြ