• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ပလတ်စတစ်ဘူးခွံများကို အသုံးပြုပြီး နံရံဆေးရေးပန်းချီကား ဖန်တီးခဲ့တဲ့ ပန်းချီပညာရှင်

by ဟယ်လ်သင်
11 March 2020
in Trend
A A
ဗင်နီဇွဲလားနိုင်ငံက ပန်းချီပညာရှင် Oscar Olivares

ဗင်နီဇွဲလားနိုင်ငံက ပန်းချီပညာရှင် Oscar Olivares

4.7k
VIEWS
Share on FacebookShare on Twitter

ရာသီဥတု ပြောင်းလဲလာမှုနဲ့ သဘာဝဘေးအန္တရာယ်တွေ တနှစ်ထက်တနှစ် များပြားလာမှုကြောင့် လူသားတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို အရင်ကထက် ထိန်းသိမ်းဖို့ ပြုလုပ်လာကြပြီး အထူးသဖြင့် ပလတ်စတစ် လျှော့ချရေးကို ဦးစားပေး ဆောင်ရွက်လာနေကြပါတယ်။

စွန့်ပစ်ပလတ်စတစ်တွေကို ပြန်လည် အသုံးချနိုင်ဖို့ ကြိုးစား ပြုလုပ်နေကြပြီး အခုတခါမှာတော့ အသက် ၂၃ နှစ်အရွယ် ပန်းချီပညာရှင်တဦးဟာ ပလတ်စတစ်ဘူးခွံပေါင်း ၂ သိန်းကျော်ကို အသုံးပြုကာ နံရံဆေးရေး ပန်းချီကားကြီးတခုကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
434
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
890
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
461

ဗင်နီဇွဲလားနိုင်ငံက Oscar Olivares ဆိုတဲ့ ပန်းချီပညာရှင် အမျိုးသားဟာ စွန့်ပစ် ပလတ်စတစ်ဘူးတွေ၊ ခွက်တွေ အမြောက်အများကို အသုံးပြုပြီး လူအများ အံ့အားသင့်ရလောက်အောင် အနုပညာလက်ရာမြောက်တဲ့ အီကို နံရံဆေးရေး ပန်းချီကားချပ်ကြီးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

သူဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ပထမဆုံး အီကို နံရံဆေးရေး ပန်းချီကားချပ်ကြီးကို ဒေသခံ သဘာဝပတ်ဝန်းကျင် အဖွဲ့အစည်းတခုဖြစ်တဲ့ Okospiri နဲ့ Movimiento en la Arquitectura para el futuro တို့နဲ့ ပူးပေါင်းပြီး ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နံရံရဲ့ စတုရန်း တကွက်စာ တခုအတွက် ပလတ်စတစ် ဘူးခွံပေါင်း ၂ သိန်းကျော်လောက် အသုံးပြုခဲ့ရပြီး အချိန်အားဖြင့်ဆိုရင်လည်း ၂ လခွဲခန့် အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုမျိုး အီကို နံရံဆေးရေးပန်းချီကားချပ် ပြုလုပ်ဖို့အတွက် Oscar ကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း ဒီဖန်တီးမှုကို စိတ်ဝင်စားတာကြောင့် လက်ခံ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒီနံရံဆေးရေး ပန်းချီကားချပ်ကြီးဟာ အလျား ၄၅ မီတာ ရှိပြီး အနံအားဖြင့်ဆိုရင် အတိုဆုံး ၃ ဒဿမ ၅ မီတာကနေ အရှည်ဆုံး ၇ ဒဿမ၂၅ မီတာအထိ ရှိတယ်လို့ သိရပါတယ်။ ဒီနံရံဆေးရေးပန်းချီကားဟာ ဗင်နီဇွဲလားနိုင်ငံမှာတော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပထမဆုံး ပန်းချီကားတချပ် ဖြစ်သလို အမျိုးအစားအားဖြင့်ဆိုရင်လည်း ပထမဆုံး အမျိုးအစား ဖြစ်ပါတယ်။

ဒီပန်းချီကားထဲမှာဆိုရင် အရောင်အသွေး စုံလင်တဲ့ ငှက်တွေ၊ နေကြာပန်းတွေ၊ တောင်တန်းတွေနဲ့ သဘာဝ အလှအပတွေကို တွေ့မြင်ကြရမှာဖြစ်ပြီး တွေ့မြင်သူတိုင်း အံ့အားသင့်ရလောက်အောင် အနုစိတ် ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

Ref. www.boredpanda.com

You may also like these stories:

ဘယ်လို အကြောင်းအရာတွေကြောင့် ပလတ်စတစ် အသုံးပြုမှုကို လျှော့ချသင့်သလဲ

Your Thoughts …
Tags: နံရံဆေးရေးပန်းချီကားပန်းချီပညာရှင်ပလတ်စတစ်ဘူးခွံ
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

ပလတ်စတစ်ဘူးခွံတွေနဲ့ ကျွန်းတခု ဖန်တီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား

ပလတ်စတစ်ဘူးခွံပေါင်း ၁ သိန်းကို အသုံးပြုပြီး ကျွန်းတခု ဖန်တီးခဲ့တဲ့ အင်္ဂလန်နိုင်ငံသား

by ဟယ်လ်သင်
8 April 2019
12.5k

လေ့လာသူတွေရဲ့ စစ်တမ်းတွေအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ စွန့်ပစ် ပလတ်စတစ် အရေအတွက်ဟာ နှစ်စဉ် ၆ ဒဿမ ၃ ဘီလျံ ရှိပြီး ဒီထဲကမှ ၉ ရာခိုင်နှုန်းကိုသာ ပြန်လည် အသုံးချနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကမ္ဘာလုံး...

Next Post
ရွှေကြို ပြိုင်ပွဲဝင်တဦးဖြစ်တဲ့ ရွှေရူပါဦး / ယုဖြူဟန် / ဧရာဝတီ

အခွင့်အလမ်းကောင်းတွေ ရချင်လို့ အကယ်ဒမီ ရွှေကြို ဝင်ပြိုင်ခဲ့တဲ့ ရွှေရူပါဦး

ကင်ညာနိုင်ငံမှာ တွေ့ရတဲ့ ရှားပါး သစ်ကုလားအုတ်ဖြူ

ကင်ညာနိုင်ငံမှာ ရှားပါး သစ်ကုလားအုတ်ဖြူ ၂ ကောင် သတ်ဖြတ်ခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate