Trend

သြစတြေးလျမှာ အိမ်နီးချင်းတွေကို အိမ်သာသုံးစက္ကူ လိုက်ဝေပေးခဲ့တဲ့ ကလေး ၂ ဦး

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် နိုင်ငံတိုင်းနီးပါးမှာ အိမ်သာသုံးစက္ကူ ပြတ်လပ်မှုတွေနဲ့ ဈေးဝယ်စင်တာတွေမှာ အိမ်သာသုံးစက္ကူ လုယက်မှုတွေ ဖြစ်ပွားခဲ့တာကို အားလုံးသိပြီး ဖြစ်မှာပါ။ သြစတြေးလျနိုင်ငံ၊ Queensland ပြည်နယ်မှာ နေထိုင်တဲ့ ကလေးငယ် ၂ ဦးကတော့ ဒီလို ပြဿနာတွေ ဖြစ်ပွားနေချိန်မှာ သူတို့ရဲ့ မုန့်ဖိုးတွေကို အသုံးပြုပြီး အိမ်သာသုံးစက္ကူများ ဝယ်ယူကာ အိမ်နီးချင်းတွေကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အသက် ၆ နှစ်အရွယ် Addyson နဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ အသက် ၄ နှစ်အရွယ် Lucy တို့ဟာ တစ်ရှုးနဲ့ အိမ်သာသုံးစက္ကူတွေကို လက်တွန်းလှည်းတခုမှာထည့်ပြီး အိမ်နီးချင်းတွေကို လိုက်လံပေးဝေခဲ့တာဖြစ်ပါတယ်။ သူတို့ ၂ ယောက်ရဲ့ ပုံကို Petrina McGuire လို့ အမည်ရတဲ့ လူမှုကွန်ရက် အကောင့်တခုကနေ “သမီးလေးတွေက မုန့်ဖိုးစုပြီး အိမ်သာသုံးစက္ကူနဲ့ တစ်ရှုးတွေကို လိုက်လံဝေငှခဲ့ကြပါတယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ထားခဲ့တာ ဖြစ်ပါတယ်။

သူတို့ သူငယ်ချင်း ၂ ဦးဟာ အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်မှာ အိမ်ထဲက အိမ်ပြင်ကို မထွက်နိုင်တဲ့ ပင်စင်စား သက်ကြီးရွယ်အိုတွေအတွက် အခုလို လိုက်လံဝေငှခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ကာကွယ်ဖို့ဆိုတဲ့ ယူဆချက်နဲ့ လူတွေဟာ အိမ်သာသုံးစက္ကူတွေကို ဝယ်ယူ စုဆောင်းနေတာကြောင့် ဈေးဝယ်စင်တာတွေမှာ အိမ်သာသုံးစက္ကူတွေ ပြတ်လပ်တဲ့အထိဖြစ်ပွားခဲ့ပါတယ်။

Addyson ဟာ မိခင်ဖြစ်သူနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ဈေးဝယ်စင်တာကို သွားရင်း အိမ်သာသုံးစက္ကူတွေ ထားတဲ့နေရာ အရောက်မှာ စက္ကူတွေ မရှိတော့တာကြောင့် မိခင်ဖြစ်သူကို အကျိုးအကြောင်းမေးရင် အခုလို လှူဒါန်းဖို့ ဖြစ်သွားခဲ့တယ်လို့ မိခင်ဖြစ်သူက သတင်းထောက်များကို ဖြေကြားခဲ့ပါတယ်။

Addyson နဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ သွားကျိုးချိန်မှာ မိဘများက ပေးတဲ့ (သွားနတ်သမီး ပေးတယ်လို့ ကလေးများက ယူဆလေ့ရှိတဲ့) ပိုက်ဆံကို အသုံးပြုပြီး အိမ်သာသုံးစက္ကူများ ဝယ်ယူကာ အိမ်အနီးအနားမှာ ရှိတဲ့ လိုအပ်နေသူတွေကို လိုက်လံပေးဝေတာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပျံ့နှံ့သွားပြီး ပြန်လည်မျှဝေသူတွေလည်း အမြောက်အများ ရှိခဲ့ပါတယ်။ ကလေးတွေရဲ့ လုပ်ဆောင်ချက်ကို ချီးမွမ်းပြောဆိုတဲ့ မှတ်ချက်များကိုလည်း လူအများက ပေးခဲ့ကြတယ်လို့ သိရပါတယ်။

Ref. news.com.au

You may also like these stories:

အာဂျင်တီးနားက သားသတ်ရုံတခုမှာ မတော်တဆမှုကြောင့် သွေးပင်လယ် ဖြစ်သွားတဲ့ လမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်

ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဝေဖန်မှုတွေကြောင့် ခပ်ပွပွ ဝတ်စုံတွေပဲ ဝတ်ဆင်တဲ့ Billie Eilish

Did you find apk for android? You can find new Free Android Games and apps.
Loading