ကိုရိုနာဗိုင်းရပ်စ်ဟာ တဖြည်းဖြည်းနဲ့ ကမ္ဘာအနှံ့ကို ပြန့်ပွားနေဆဲဖြစ်ပြီး ပြန့်ပွားမှုနှုန်းနဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်အောင် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသားတဦးဖြစ်တဲ့ Avi Schiffmann ဟာ ဝက်ဘ်ဆိုက်တခု (https://ncov2019.live/)ကို ဖန်တီးခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်မှာ ပညာသင်ကြားနေသူ Avi ဟာ သူ့ရဲ့ ပရောဂျက်ကို တနေ့လျှင်ပျမ်းမျှ ၆ နာရီနှုန်းခန့်အထိ အသုံးချဖန်တီးခဲ့တာဖြစ်ပြီး အခုအချိန်မှာဆိုရင် ဝက်ဘ်ဆိုက်အသုံးပြုသူ သန်းဂဏန်းအထိ ရှိနေပြီလည်း ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်ကို Update ပြုလုပ်ဖို့အတွက် သူ့အခန်းထဲမှာ တပတ်တာ ကာလပတ်လုံး အချိန်ယူ ဖန်တီးခဲ့ရတာဖြစ်ပြီး အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူ အဆင်ပြေလာခဲ့တာ ဖြစ်ပါတယ်။
Mercer Island က အထက်တန်းကျောင်းမှာ ပညာသင်ကြားနေသူ Avi ဟာ သူ့ဝက်ဘ်ဆိုက်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုလက်ရှိ လည်ပတ်နေတဲ့ သူ့ဝက်ဘ်ဆိုက်ဟာဆိုရင် သတင်းအချက်အလက်တခု ထွက်ပေါ်ပြီး ၁၀ မိနစ်ကြာတိုင်း အချိန်နဲ့တပြေးညီ စုဆောင်းပေးနေတာ ဖြစ်ပါတယ်။
သူ့ရဲ့ သတင်းအချက်အလက် အရင်းအမြစ် စုဆောင်းမှုတွေကိုတော့ WHO (World Health Organization)၊ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာတိုင်းရဲ့ သတင်းအချက်အလက်တွေအပြင် ဒေသဆိုင်ရာကျန်းမာရေးဌာနတွေရဲ့ အချက်အလက်တွေကို ရယူထားတာဖြစ်ပါတယ်။
“အခုလို သတင်းအမှားတွေနဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေမျိုးမှာ တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ သိရှိရဖို့ဆိုတာ အရေးကြီးတဲ့ ကိစ္စတခုပါ။ ကျနော့်အတွက်ကတော့ အခုလို ဖုန်း၊ ကွန်ပျူတာစတာတွေကနေ လိုရာ အချက်အလက်ကို ရှာဖွေဖို့ တဖက်တလမ်းကနေ ကူညီနိုင်တဲ့အတွက် တော်တော့်ကို ဝမ်းသာစရာကောင်းတာပါ”လို့ Avi က အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့ပါတယ်။
Ref. www.boredpanda.com
You may also like these stories:
သြစတြေးလျမှာ အိမ်နီးချင်းတွေကို အိမ်သာသုံးစက္ကူ လိုက်ဝေပေးခဲ့တဲ့ ကလေး ၂ ဦး
အာဂျင်တီးနားက သားသတ်ရုံတခုမှာ မတော်တဆမှုကြောင့် သွေးပင်လယ် ဖြစ်သွားတဲ့ လမ်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံကို ပြည်ဝင်ခွင့် ယာယီပိတ်