ကမ္ဘာကျော် အပြာဝက်ဘ်ဆိုက်တခု ဖြစ်တဲ့ Pornhub အနေနဲ့ နိုင်ငံတခုလုံးကို ပိတ်ဆို့ထားတဲ့ အီတလီနိုင်ငံကို Premium Service အခမဲ့ ကြည့်ရှုခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။
ကမ္ဘာ့ကပ်ရောဂါကို အပြင်းထန်ဆုံး ကြုံတွေ့နေရတဲ့ အီတလီနိုင်ငံ တနိုင်ငံလုံးကို Pornhub ရဲ့ အကောင်းဆုံး ဝန်ဆောင်မှု ဖြစ်တဲ့ Premium Service ကို အခမဲ့ ကြည့်ရှုခွင့် ပေးထားပြီး အခြားနိုင်ငံတွေက အသုံးပြုသူတွေရဲ့ လစဉ်ကြေးတွေကိုလည်း လှူဒါန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။
“အီတလီနိုင်ငံအနေနဲ့ အခုလို ကံဆိုးမှုတွေ ကြုံတွေ့နေရတဲ့အချိန်မှာ ကျနော်တို့ဘက်က တတ်နိုင်တာကို ပြုလုပ်ပေးတာပါ။ တနိုင်ငံလုံးကို ပိတ်ဆို့ခံထားရတဲ့ အီတလီအနေနဲ့ Pornhub ရဲ့ အကောင်းဆုံးဝန်ဆောင်မှုကို အလကားဝင်ခွင့် ပေးလိုက်ပါတယ်။ ကျနော်တို့ အားလုံး အီတလီနိုင်ငံကို ချစ်ပါတယ်။ ပြီးတော့ အီတလီနိုင်ငံနဲ့အတူ ရပ်တည်ပါတယ်”လို့ Pornhub ရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ တင်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၀၀ ကျော် ရှိနေပြီဖြစ်တဲ့ အီတလီနိုင်ငံမှာ ခရီးသွားလာခွင့်တွေကို ပိတ်ထားပြီး ကျောင်းများနဲ့ အလုပ်များကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။ ရောဂါဒဏ်ကို ခံနေရတဲ့ အီတလီနိုင်ငံသားတွေအတွက် Pornhub က အခုလို အကူအညီပေးခဲ့တာ ဖြစ်ပါတယ်။
ဝက်ဘ်ဆိုက်အနေနဲ့ မတ် ၁၂ ရက်နေ့ကစတင်ပြီး အခမဲ့ ကြည့်ရှုခွင့်ပေးခဲ့တာဖြစ်ပြီး ဧပြီလ အထိ ဆက်လက် ကြည့်ရှုခွင့်ပေးသွားမယ်လို့ သိရပါတယ်။ အဲဒီ အပြာဝက်ဘ်ဆိုက်ရဲ့ ၂၀၁၉ ခုနှစ်အတွင်း ကြည့်ရှုသူများစာရင်းအရ အီတလီနိုင်ငံမှာ နေထိုင်သူတွေဟာလည်း ကြည့်ရှုသူအများဆုံးစာရင်းမှာ ပါဝင်တာကြောင့် အခုလို ကြည့်ရှုခွင့် ရသွားအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်။
Ref. NYpost
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ သန်းနဲ့ချီ အရှုံးပေါ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ
ကစားဖော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တာကြောင့် စောင့်ကြည့်ခံနေရတဲ့ စီရော်နယ်ဒို