Trend

အစ္စရေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၆ ယောက်အထိ ရှိလာ

Want create site? Find Free WordPress Themes and plugins.

အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၁၂၆ ယောက် ရှိသွားပြီး ရောဂါ ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ လူပေါင်း ၃ သောင်းကျော်ကို နေအိမ်တွေမှာ သီးခြားခွဲထားတယ်လို့ အစ္စရေးကျန်းမာရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။

ရောဂါကူးစက်ခံရသူတွေထဲမှာ အမေရိကန်နိုင်ငံက ပြန်လာတဲ့ အသက် ၁၀ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေး ၂ ယောက်လည်း ပါဝင်ပြီး အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကနေ ပြန်လည် ကျန်းမာလာခဲ့သူ ၃ ယောက်အထိ ရှိလာပါတယ်။ ရောဂါကူးစက်ခံရသူတွေဟာ နိုင်ငံခြားခရီးစဉ်က အပြန်မှာ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။

လူနာနံပါတ် ၈၄ ၊ ၈၅ ၊ ၈၆ တို့ဟာ ဂျာမနီနိုင်ငံကနေ အပြန် ရောဂါကူးစက်ခံခဲ့ပြီး သူတို့တွေဟာ မတ်လ ၁၂ ရက်နေ့ အစ္စရေးနိုင်ငံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

လူနာနံပါတ် ၈၉ နဲ့ ၉၀ ဟာအမျိုးသမီးတွေဖြစ်ပြီး မော်စကိုနဲ့ အမေရိကနိုင်ငံက အပြန်မှာ ရောဂါကူးစက်ခံခဲ့ရပါတယ်။ အစ္စရေးကျန်းမာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Moshe Bar Siman Tov က နောက်လာမယ့် ကာလမှာ အစ္စရေးနိုင်ငံသား ၁၂ ယောက်လောက် နေ့စဉ် ရောဂါ ကူးစက်ခံရမယ်လို့ မျှော်လင့်ကြောင်း ရေဒီယိုကနေ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဖြစ်သူ Ya’acov Litzman ကလည်း အစ္စရေးနဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ လူဦးရေဟာ ညီမျှတဲ့အတွက် ဗိုင်းရပ်စ် လျှော့ချမှုလုပ်ငန်းစဉ်ကို နှိုင်းယှဉ်ဖို့ အကောင်းဆုံးဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ အခုချိန်မှာတော့ ဆွစ်ဇာလန်နိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၆၅၀ ကျော် ရှိနေပါ တယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပါတယ်။ အခုချိန်မှာတော့ အစ္စရေးအစိုးရက စာသင်ကျောင်းတွေကို ပိတ်ထားလိုက်ပြီဖြစ်သလို လေကြောင်းလိုင်းတချို့ ပြေးဆွဲမှုကို ယာယီ ဆိုင်းငံ့ထားတယ်လို့ သိရပါတယ်။

Ref. jpost, haaretz

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းဆင်စခန်းများ ပိတ်ရပြီး ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်နေ

အီတလီနိုင်ငံသားများကို Premium Service အပြာကား အခမဲ့ ကြည့်ခွင့်ပေးလိုက်တဲ့ Pornhub

ကိုရိုနာနဲ့ ပတ်သက်ပြီး အလွန်အမင်း မစိုးရိမ်ကြဖို့ ရောဂါ သက်သာလာတဲ့ အမျိုးသမီး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading