Trend

လန်ဒန်မြို့မှာ ကမ္ဘာ့အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ဖြစ်လာတဲ့ ကလေးငယ်

Want create site? Find Free WordPress Themes and plugins.

လန်ဒန်မြို့က မွေးခါစ ကလေးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တာကြောင့် ကမ္ဘာ့အငယ်ဆုံး ကူးစက်ခံရသူ ဖြစ်လာခဲ့ပါတယ်။ ကလေးမိခင်ဟာ မမွေးဖွားခင်မှာ သံသယဖြစ်စရာ ရောဂါလက္ခဏာတွေ ပြခဲ့တာကြောင့် ဆေးရုံကို လာရောက် ဆေးစစ်ခဲ့ပေမယ့် ကလေးမွေးဖွားပြီးမှ ရောဂါရှိနေကြောင်း အတည်ပြုနိုင်ခဲ့တာပါ။

အခုတော့ ကလေးနဲ့ မိခင်ကို သီခြားစီ ခွဲထားပြီး ဆေးကုသမှု ပေးနေပါတယ်။ ကလေးငယ်ကိုတော့ မွေးဖွားရာ Middlesex ဆေးရုံမှာ ထားရှိပေမယ့် မိခင်ကတော့ ရောဂါလက္ခဏာ ပိုပြင်းထန်တာကြောင့် ကူးစက်ရောဂါကု ဆေးရုံကို ရွှေ့ပြောင်းထားပါတယ်။

ဆရာဝန်တွေကတော့ ရောဂါရှိ မိခင်ကနေ မွေးဖွားလာတဲ့ ကလေးငယ်ကို ဘယ်လိုပုံစံ ကူးစက်တယ်ဆိုတာကို လေ့လာနေကြပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦးနဲ့ ထိတွေ့ခဲ့ရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကိုလည်း သီးခြားခွဲထုတ် စောင့်ကြည့်နေပါတယ်။ ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ကူးစက်ခံရမှုအသေးစိတ်ကို အမြန်ဆုံး ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကိုယ်ဝန်ဆောင်ကတဆင့် ကလေးငယ်တွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖို့ အခွင့်လမ်း နည်းပါးတယ်လို့ ပြောဆိုခဲ့ဖူးသလို၊ အခုကူးစက်ခဲ့တဲ့ မိခင်နဲ့ ကလေးငယ်ရဲ့ အသက်ရွယ်အုပ်စုဟာ ကိုရိုဗိုင်းရပ်စ် ကူးစက်သူ အုပ်စုထဲမှာ လူနည်းစုလည်း ဖြစ်ပါတယ်။ အဓိက ကူးစက်ခံနေရတာကတော့ သက်ကြီးပိုင်း ရောဂါအခံ ရှိသူတွေပါ။

ယူကေနိုင်ငံတွေမှာ တနေ့တည်းနဲ့ ရောဂါကူးစက်သူ ၂၀၀ ကျော်သွားတာကြောင့် စုစုပေါင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၈၀၀ ဝန်းကျင်ရှိပြီး သေဆုံးသူ ၁၁ ယောက် ရှိသွားပါပြီ။ လူထူထပ်တဲ့ ရုံးချိန်တွေမှာ ရောဂါအန္တရာယ်ကြောင့် အပြင်မထွက်ကြတော့ဘဲ ကားပါကင်၊ မြေအောက်ရထားတွေမှာ ခြောက်ကပ်နေတာကို မြင်တွေ့ရမှာပါ။

ဝန်ကြီး ဘောရစ် ဂျွန်ဆင်ကလည်း ချောင်းဆိုးပြီး အဖျားရှိနေမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အပြင်မထွက်ဘဲ အိမ်မှာပဲ တယောက်တည်း သီးသန့် ခွဲထွက်နေဖို့ ဆိုပါတယ်။ WHO ကလည်း လက်ရှိအချိန်မှာ ဥရောပတိုက်ဟာ တရုတ်နိုင်ငံထက် ရောဂါကူးစက်ခံရမှုတွေ ပိုများလာကာ အဓိက နေရာဖြစ်လာနေပြီလို့ သတိပေးပြောကြားလိုက်ပါတယ်။

ဗြိတိန်လေကြောင်းလိုင်းကလည်း ရောဂါကူးစက်မှုတွေကြောင့် ခရီးစဉ်တွေ ရပ်နားထားရကာ ပြိုလဲ မသွားဖို့ တောင့်ခံနေရတာက စက်တင်ဘာ ၁၁ နဲ့ ၂၀၀၈ ခုနှစ် စီးပွားရေးကပ်အချိန်ကထက် ပိုမိုဆိုးရွားနေတယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။

Ref: Daily Mail

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေရချိန်မှာ ဘယ်လို နေထိုင်ရမလဲ

ကိုရိုနာနဲ့ ပတ်သက်ပြီး အလွန်အမင်း မစိုးရိမ်ကြဖို့ ရောဂါ သက်သာလာတဲ့ အမျိုးသမီး ပြော

ကစားဖော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တာကြောင့် စောင့်ကြည့်ခံနေရတဲ့ စီရော်နယ်ဒို

Did you find apk for android? You can find new Free Android Games and apps.
Loading