၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက် ပြန့်ပွားမှုတွေဟာ အခုအချိန်မှာ ကမ္ဘာအနှံ့ကို ပျံ့နှံ့နေပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကပ်ရောဂါအဖြစ် ကြေညာချက် ထုတ်ပြန်ထားပါတယ်။
လုပ်ငန်းခွင် ဝင်နေရသူများအတွက် လုပ်ငန်းခွင်အတွင်း ရောဂါကူးစက်ခြင်း မခံရအောင် ကာကွယ်နည်းတွေကို WHO ကနေ အခုလိုပဲ ထုတ်ပြန်ထားပါတယ်။
(၁) အလုပ်နေရာကို သန့်ရှင်းအောင်ထားရန်နဲ့ လက်ကို ပုံမှန်ဆေးရန်။
(၂) လုပ်ငန်းအတွက် ခရီးထွက်စရာရှိပါက ကျန်းမာရေးတာဝန်ရှိသူများနဲ့ ဆွေးနွေးရန်။
(၃) နေမကောင်းတဲ့ ဝန်ထမ်းများကို အိမ်မှာသာ နေထိုင်စေရန်။
(၄) ဝန်ထမ်းများနဲ့ လုပ်ငန်းခွင် လာရောက်သူများအား လက်ကို ဆပ်ပြာနှင့် ဆေးရမည့် နေရာများ ပြင်ဆင်ထားပေးရန်။
(၅) ရေမလို လက်သန့်ဆေးရည်များ လွယ်ကူစွာ ရရှိအောင် ပြင်ဆင်ထားရန်။
(၆) ရောဂါဖြစ်ပွားနေသော နိုင်ငံများသို့ အလုပ်ကိစ္စ ခရီးထွက်ရမည့်သူများအား တတ်နိုင်သလောက် နောက်ဆုတ်ထားရန်နဲ့ ကန့်သတ်နယ်မြေများကို သွားရောက်ခွင့် ပိတ်ပင်ထားရန်။
(၇) ဒေသတွင်း ခရီးသွားစရာများကိုလည်း တတ်နိုင်သလောက် လျှော့ချရန်နဲ့ လူစုလူဝေးရှိသော နေရာများကို ဝန်ထမ်းများအား သွားရောက်ခွင့် မပြုရန်။
(၈) အလုပ်စားပွဲ၊ ကွန်ပျူတာ၊ ဖုန်းနဲ့ အခြား ဧရိယာများကို မကြာခဏ သန့်ရှင်းရေးပြုလုပ်ဖို့ သတိပေးရန်။
Ref. WHO
You may also like these stories:
ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ
ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား