Trend

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပနိုင်ငံများကို ဗီယက်နမ်က ပြည်ဝင်ခွင့် ပိတ်ပင်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်းမှာ ကူးစက် ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မခံရအောင် နိုင်ငံတကာမှာ သတိထားပြီး နည်းမျိုးစုံနဲ့ ကာကွယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။ နိုင်ငံအသီးသီးက ကိုရိုနာ ကူးစက် မခံရအောင် ပြည်ဝင်ခွင့် ယာယီပိတ်ပင်တာမျိုးတွေ ပြုလုပ်လာကြပါတယ်။

ဗီယက်နမ်နိုင်ငံအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတချို့ကို ပြည်ဝင်ခွင့်ယာယီ ဆိုင်းငံ့ လိုက်ပါတယ်။ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးနီးပါး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့အတွက် ယူကေ အပါအဝင် ဥရောပနိုင်ငံတွေကို ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဒီလို ဆုံးဖြတ်ရတာကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ပါ။ အဲဒီနိုင်ငံတွေကို ၁၄ ရက်တာ ကာလအတွင်း သွားရောက် လည်ပတ်ခဲ့သူတွေကိုလည်း ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မတ်လ ၁၅ ရက်နေ့ကနေ စတင် အကျုံးဝင်မှာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံလည်း ကိုရိုာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြာင့် ခရီးသွား ဧည့်သည်တွေအကြား ရေပန်းစားတဲ့ အနှိပ်ခန်းအပါအဝင် အရက်ဘား၊ ကာရာအိုကေ၊ ကလပ်၊ ရှေးဟောင်းအရောင်းပစ္စည်းဆိုင်တွေကို ပိတ်ထားတယ်လို့ သိရပါတယ်။

ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၅၇ ယောက် ရှိနေပြီလို့ သိရပါတယ်။ နောက်ဆုံးတွေ့ရှိရတဲ့ ရောဂါသည်တွေဟာ ဂျာမန်နဲ့ ဗြိတိန်နိုင်ငံက ခရီးသွားဧည့်သည်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း ဗီယက်နမ်နိုင်ငံ အနေနဲ့ ဥရောပက ခရီးသွားဧည့်သည်တွေကို ပြည်ဝင်ခွင့် ယာယီပိတ်ပင်လိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဗီယက်နမ်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမလာစေဖို့ ရည်ရွယ်ပြီး လူ ၁၀၀၀ ထက်ပိုတဲ့ အစည်းအဝေးတွေကို မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။ ဘတ်စ်ကားဂိတ်တွေ၊ စူပါမားကတ်တွေ၊ သယ်ယူပို့ဆောင်ရေး စတဲ့ လူစည်ကားတဲ့ နေရာတွေမှာ Mask တပ်ဆင်ထားကြဖို့ ဗီယက်နမ်အစိုးရက သတ်မှတ်ထားပါတယ်။

Ref: Bangkokpost, Chiangraitimes

You may also like these stories:

အိန္ဒိယမှာ Covid-19 ကာကွယ်ရေးအတွက် နွားကျင်ငယ်ရည် သောက်ပွဲ ကျင်းပ

ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား

လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ

Did you find apk for android? You can find new Free Android Games and apps.
Loading