ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံလည်း ပါဝင်ပါတယ်။ Bangkok Post သတင်းဌာနရဲ့ဖော်ပြချက်အရ မတ်လ ၁၅ ရက်နေ့အထိ ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူစုစုပေါင်း ၁၁၄ ယောက် ရှိသွားပြီလို့ သိရပါတယ်။
ဒါကြောင့်လည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ တက္ကသိုလ်တွေမှာ အွန်လိုင်းစနစ်နဲ့ ပညာသင်ကြားဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စတွေကို အွန်လိုင်းကနေသာ ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ဒဏ်ကို ခံစားနေရတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ကိုရိုနာကြောင့် လူသေဆုံးမှုလည်း ရှိခဲ့ပါတယ်။ နေ့စဉ် ကူးစက်ခံရသူ အရေအတွက် ပိုမိုများပြားလာတာကြောင့် တက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာရေး ဦးစီးဌာနတွေမှာ အွန်လိုင်းစနစ်နဲ့သာ ပညာသင်ကြားဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ လူလူချင်း ကူးစက်တဲ့ရောဂါ ဖြစ်တာကြောင့် လူစုလူဝေးနဲ့ ပတ်သက်တာ မှန်သမျှကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ လူစုလူဝေးထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတဦး ရှိတာနဲ့ ကျန်လူတွေကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ထိုင်းနိုင်ငံရဲ့တက္ကသိုလ်တွေမှာ အွန်လိုင်းကနေသာ ပညာသင်ကြားဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံ အပါအဝင် တကမ္ဘာလုံးနီးပါး စီးပွားရေးတွေ ကျဆင်းလာခဲ့ရပါတယ်။ ဒီနေ့အချိန်အထိ ကိုရိုနာကြောင့် သေဆုံးခဲ့သူ ၆,၅၁၈ ယောက်ရှိသွားခဲ့ပြီး ကူးစက်ခံနေရသူ ၁၆၉,၆၅၂ ယောက် ရှိသွားပြီလို့ သိရပါတယ်။ ရောဂါကူးစက်ခံရသူတွေထဲက ၇၇,၇၇၆ ယောက် ပြန်လည် ကျန်းမာလာခဲ့တယ်လို့လည်း သိရပါတယ်။
Thammasat တက္ကသိုလ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် အတန်း အားလုံးကို အနည်းဆုံး တပတ် ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
Ref: Bangkokpost, Thethaiger
You may also like these stories
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား