အထက်တန်းကျောင်း မပြီးသေးသူများလည်း Telsa မှာ အလုပ်လုပ်နိုင်တယ်ဆိုတဲ့ အကြောင်းကို Telsa ရဲ့ အမှုဆောင်အရာရှိချူပ် အီလွန်မာ့စ် (Elon Musk) က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တင်ထားခဲ့တယ်လို့ သိရပါတယ်။
အီလွန်မာ့စ်က သူ့ ကုမ္ပဏီမှာ အလုပ်ခေါ်နေတာဖြစ်ပြီး ဘွဲ့မရတဲ့သူများအနေနဲ့လည်း Artificial Intelligence Team မှာ အလုပ်ဝင်ရောက် လုပ်ကိုင်နိုင်တယ်ဆိုတဲ့ စာကို တင်ထားတာ ဖြစ်ပါတယ်။
“At Tesla, using AI to solve self-driving isn’t just icing on the cake, it the cake” – @lexfridman
Join AI at Tesla! It reports directly to me & we meet/email/text almost every day. My actions, not just words, show how critically I view (benign) AI.https://t.co/iF97zvYZRz
— Elon Musk (@elonmusk) February 2, 2020
Artificial Intelligence ဌာနမှာ လာရောက် အလုပ်လုပ်ကိုင်မယ့် သူတွေအနေနဲ့ ဘွဲ့ရဖို့ထက် Artificial Intelligence နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကိုသာ ကျွမ်းကျွမ်းကျင်ကျင် နားလည်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ကျုပ်ရဲ့ ကုမ္ပဏီမှာ အလုပ်လာလုပ်ဖို့အတွက် ခင်ဗျားမှာ ဘာဘွဲ့မှ မလိုပါဘူး။ ခင်ဗျားလုပ်မယ့် ဌာနနဲ့ သက်ဆိုင်တဲ့ အလုပ်ကို ကျွမ်းကျင်ဖို့ပဲ လိုတယ်။ Bill Gates, Larry Ellison, Steve Jobs တို့ ကိုယ်တိုင် ခင်ဗျားရဲ့ လုပ်ငန်းမှာ လာရောက် အလုပ်လုပ်မယ်ဆို ခင်ဗျားအနေနဲ့ ငှားမှာပဲ ဟုတ်တယ်မလား။ ဒါပေမဲ့ သူတို့က တက္ကသိုလ်တွေက ဘွဲ့တွေမှ မရခဲ့ကြတာ”လို့ အီလွန်မာ့စ်က ပြောပါတယ်။
ဘွဲ့ရပြီး ကိုယ်တာဝန်ယူထားတဲ့ ဌာနတွေမှာ ဘာမှ သေချာ မလုပ်တတ်တဲ့ လူတွေအစား ကျောင်းမပြီးပေမယ့် ကိုယ့်နယ်ပယ်မှာ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်မယ့်သူတွေကိုသာ Telsa ကုမ္ပဏီမှာ လိုအပ်တယ်လို့ အီလွန်မာ့စ်က ဆိုပါတယ်။ Telsa ဟာ ကားများကို အလိုအလျောက် မောင်းနှင်နိုင်မယ့် စနစ်အတွက် AI ဌာနမှာ လူလိုနေတာဖြစ်တယ်လို့ သိရပါတယ်။
Ref. cnbc.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေနတ်နဲ့ ခဲယမ်း ဝယ်ယူမှုများ ရှိနေ
ကျိုက်ထီးရိုး ဘုရားဖူး မပိတ်ခြင်းက ကိုရိုနာဗိုင်းရပ်စ်ကို ဖိတ်ခေါ်နေသလား
ဝူဟန်မြို့က ဆေးရုံတွေမှာ မနားမနေ လုပ်ကိုင်ကြတဲ့ သူနာပြုများ ချီးမွမ်းခံရ