အမေရိကန်နိုင်ငံက ဆန်ဖရန်စစ္စကိုမြို့ကို ၃ ပတ်ကြာ ပိတ်ဆို့မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။ မြို့တော်ဝန်အနေနဲ့ ၂၄ နာရီ အပြင်ထွက်ခွင့်ကို ပိတ်ပင်ထားပြီး လူတိုင်းကို နေအိမ်မှ ထွက်ခွင့် ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆန်ဖရန်စစ္စကိုမြို့ရဲ့ မြို့တော်ဝန် London Breed က ယနေ့၊ မနက် ၁ နာရီမှ စတင်ပြီး အပြင်သွားခြင်းကို ကန့်သတ်မှာဖြစ်ပြီး ဆေးခန်းပြတာနဲ့ ဈေးဝယ်ထွက်ခြင်းကိုသာ ခွင့်ပြုသွားမယ်လို့ သိရပါတယ်။
“အခု ပိတ်ဆို့မှုကို ပြုလုပ်ပြီဆိုတာနဲ့ အစိုးရက မဖြစ်မနေ လုပ်ရမယ့် အလုပ်လို့ သတ်မှတ်ထားတဲ့ အလုပ်တွေကိုသာ အပြင်ထွက်ပြီး လုပ်ခွင့်ပြုတော့မှာပါ။ ပြည်သူတွေအားလုံး နေအိမ်အတွင်းမှာပဲ နေရမှာ ဖြစ်တယ်”လို့ မြို့တော်ဝန် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေထဲမှာ ဆေးကုသမှု ခံယူခြင်း၊ စားသောက်ကုန် ထွက်ဝယ်ခြင်း၊ သတင်းသမားများ သတင်းယူရန် အပြင်ထွက်ခြင်း၊ ဓာတ်ဆီဝယ်ခြင်းနဲ့ ဘဏ်သွားခြင်းတို့ ပါရှိတယ်လို့ သိရပါတယ်။
ဆန်ဖရန်စ္စကိုမှာ စားသောက်ဆိုင်များကိုတော့ ဆက်လက် ဖွင့်ထားခွင့်ပြုပေမယ့် ဆိုင်မှာ ထိုင်စားခွင့်ကိုတော့ ပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. tmz.com
You may also like these stories
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား