ထိုင်းနိုင်ငံ တပ်မတော်၊ သက်သာချောင်ချိရေးဌာနရဲ့ အကြီးအကဲတဦးဖြစ်တဲ့ ဗိုလ်ချုပ် Rachit Arunrangsi ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ မတ်လ ၁၆ ရက်နေ့တုန်းက အတည်ပြုခဲ့ပြီး လက်ရှိအချိန်မှာ Phramongkutklao ဆေးရုံမှာ အနီးကပ်စောင့်ကြည့် ကုသမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
စမ်းသပ် စစ်ဆေးချက်တွေအရ ဗိုလ်ချုပ် Rachit Arunrangsi မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့ရပြီး သူနဲ့ အနီးကပ် ထိတွေ့မှု ရှိခဲ့တဲ့ ထိပ်တန်းအရာရှိ ၆၀ ကျော်ကိုလည်း သက်ဆိုင်ရာ နေအိမ်တွေမှာ သီးသန့်ခွဲထားပြီး စောင့်ကြည့်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို အတည်ပြု ထုတ်ပြန်ပေးခဲ့သူကတော့ ထိုင်းတပ်မတော်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Nattaphan Srisawat ပဲ ဖြစ်ပါတယ်။
“COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အရေအတွက်ကလည်း ထိုင်းနိုင်ငံမှာ တဖြည်းဖြည်းနဲ့ များပြားလာနေတာပါ။ လတ်တလော အနေအထားမှာတော့ ဗိုလ်ချုပ် Rachit Arunrangsi နဲ့ အနီးကပ် ထိတွေ့ဆက်ဆံရတဲ့ အစိုးရအရာရှိ ၃၆ ဦးနဲ့ လူပေါင်း ၆၀ ကို သီးသန့်ခွဲပြီး စောင့်ကြည့်နေပါတယ်” လို့ ဗိုလ်ချုပ်ကြီး Nattaphan Srisawat က ဆိုပါတယ်။
သီးသန့်ခွဲထားပြီး စောင့်ကြည့်ခံရတဲ့ လူတွေထဲမှာ ပြီးခဲ့တဲ့ အပတ်တုန်းက ဗိုလ်ချုပ် Rachit Arunrangsi နဲ့အတူ အစည်းအဝေး တက်ရောက်ခဲ့တဲ့သူတွေ ပါဝင်ပြီး ကားဒရိုင်ဘာနဲ့ မိသားစုဝင်တွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ် Rachit Arunrangsi ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက စတင် ဖျားနာခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရစ် ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ အခုလိုမျိုး ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Ref. www.bankokpost.com
You may also like these stories:
COVID-19 ကာကွယ်ဆေးကို အမေရိကန်မှာ ပထမဆုံးအကြိမ် စတင် စမ်းသပ်
ဆန်ဖရန်စစ္စကိုမြို့ကို ၃ ပတ်ကြာ အဝင်အထွက် ပိတ်မည်
ရုပ်ရှင်ရုံတွေ ပိတ်လိုက်တဲ့အပေါ် ရုပ်ရှင်ကြည့် ပရိသတ်တွေရဲ့ အမြင်