Trend

မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ၆၇၃ ယောက် ကူးစက်ခံရပြီး ၂ ဦးသေဆုံး

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်း အများဆုံး နိုင်ငံ တနိုင်ငံပါပဲ။ အခုဆိုရင်တော့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူ ၆၇၃ ယောက် အထိရှိလာခဲ့ပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့ရသူတွေဟာ အသက် ၆၀ အရွယ် သင်းအုပ်ဆရာနဲ့ အစ္စလာမ်ဘာသာရေး အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ အသက် ၃၄ နှစ် အရွယ် အမျိုးသားတယောက်ဖြစ်တယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီး Adham Baba ကပြောပါ တယ်။

မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အစ္စလာမ်ဘာသာရေး အခမ်းအနားကိုတက်ရောက်ခဲ့သူ ၄၀၀ ကျော် လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း နောက်ထပ်လူဘယ်လောက်ကို ထပ်မံကူးစက်နေဦးမလဲဆိုတာ တိတိကျကျမသိရသေးပါဘူး။ မလေးရှားအစိုးရအနေနဲ့တော့ ဒီနေ့ ကစပြီး နိုင်ငံရပ်ခြားခရီးသွားလာမှုကို တားမြစ်လိုက်သလို နိုင်ငံတကာကလာရောက်ကြမယ့် ခရီး သွားဧည့်သည်တွေကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပါတယ်။

အခုဆိုရင်တော့ မလေးရှားအစိုးရအနေနဲ့ ဘာသာရေးဆိုင်ရာပွဲတော်တွေ ၊ စာသင်ကျောင်းတွေ ၊ စီးပွားရေး လုပ်ငန်း တွေနဲ့ အစိုးရရုံးတွေကို မတ်လ ၁၈ ရက်နေ့ကနေ မတ်လ ၃၁ရက်နေ့အထိ ပိတ်ထားမယ်လို့ မလေးရှားဝန်ကြီးချုပ် Muhyiddini Yassin ကကြေညာခဲ့ပါတယ်။ မလေးရှား အစိုးရအနေနဲ့ နိုင်ငံသားတွေ ခရီးထွက်တာကို တားမြစ် လိုက်တဲ့အပြင် နိုင်ငံရပ်ခြားကနေပြန်လာတဲ့ မလေးရှားနိုင်ငံသားတွေကိုလည်း ၁၄ ရက်ကြာ စောင့်ကြည့်စစ်ဆေး သွားမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်း အများဆုံး နိုင်ငံပါ

မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အစ္စလာမ်ဘာသာရေးအခမ်းအနားကို လူပေါင်း ၁၆၀၀၀ နီးပါး တက် ရောက်ခဲ့ပါ တယ်။ အဲဒီဘာသာရေးအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ဘရူနိုင်း ၊ စင်ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။ ဒါကြောင့်လည်း ဘာသာရေးအခမ်းအနား တွေအပါအဝင် လူစုလူဝေးကို ရှောင်ကြဉ်သင့်ပါတယ်။

မလေးရှားသာသနာရေးဝန်ကြီးဖြစ်သူ Zulkifli Mohamad ကလည်း ဘာသာရေးဆိုင်ရာ အခမ်းအနားတွေအားလုံးကို မတ်လ ၁၇ ရက်နေ့ကနေ မတ်လ ၂၆ ရက်နေ့အထိဆိုင်းငံ့ထားမှာဖြစ်တယ် လို့ကြေညာခဲ့ပါတယ်။ အခုဆိုရင်တော့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မလေးရှားနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အများဆုံးနိုင်ငံတနိုင်ငံ ဖြစ်လာနေ ပါတယ်။ ဒါကြောင့်လည်း မလေးရှားအစိုး ရအနေနဲ့ ဒီကိစ္စကို သတိကြီးကြီးထားပြီး ဆောင်ရွက်နေပါတယ်လို့ သိရပါတယ်။

Ref:channelnewsasia

You may also like these stories:

စင်ကာပူရှိ မိသားစုတိုင်းကို လက်သန့်ဆေးရည် ၅၀၀ မီလီလီတာ အခမဲ့ပေးဝေမည်

ကိုရိုနာကြောင့် ဗြိတိန်ဘုရင်မကြီးရဲ့ ပွဲတက်အစီအစဉ်များအားလုံးကို ဖျက်သိမ်း

ကိုရိုနာဖြစ်ပွားနေစဉ်ကာလအတွင်း လူသားတို့ရဲ့ ကြင်နာနွေးထွေးမှုများ

Loading