ကိုရိုနာဗိုင်းရပ်စ်ကို သတိထားနိုင်ဖို့ သီချင်းစပ်ဆိုခဲ့တဲ့ အာဖရိကအဆိုတော်များ
ကပ်ရောဂါတွေ ဖြစ်နေချိန်မှာ အခြေခံလူတန်းစားတွေ အသိဉာဏ်ပြန့်ပွားနိုင်ဖို့ ပြုလုပ်သင့်တဲ့ အရာတခုကတော့ သီချင်းဆိုတာနဲ့ ကတာပဲ ဖြစ်ပါတယ်။ တကမ္ဘာလုံးနီးပါးမှာ ခံနေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံသားတွေ သတိထားနိုင်ဖို့အတွက် အာဖရိကမှာ ရှိတဲ့ အဆိုတော်တွေဟာ သီချင်းတွေ ရေးစပ်သီဆိုခဲကြတယ်လို့ သိရပါတယ်။
သီချင်းမှာ လက်ကို မကြာခဏဆေးဖို့၊ လူတယောက်နဲ့တယောက် ခပ်ဝေးဝေးမှာ နေကြဖို့တွေ ပါရှိပြီး သီဆိုရလွယ် တာကြောင့် ပါးစပ်မှာ စွဲသွားစေနိုင်တယ်လို့ သိရပါတယ်။ Ndlovu Youth Choir အဖွဲ့က သီဆိုတဲ့ အဲဒီသီချင်းက တောင်အာဖရိကမှာ ရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ခပ်မြန်မြန်ပဲ ရေပန်းစားသွားခဲ့ပါတယ်။
၂မိနစ်ခန့်ကြာမြင့်တဲ့ သီချင်းမှာ နိုင်ငံသားတွေ အနေနဲ့ အလွန်အမင်းမကြောက်ရွံ့ဖို့ လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာတွေ ပါရှိပြီး အင်္ဂလိပ်၊ ဇူးလူး ၂ဘာသာနဲ့ သီဆိုထားတာဖြစ်ပါတယ်။
” ရောဂါပျံ့နှံ့မှုတွေက နိုင်ငံတော်တော်များများမှာ ရှိနေလို့ ကျနော်တို့အနေနဲ့ အခြေခံဗဟုသုတကို ဖြန့်ဝေတဲ့ အနေနဲ့ ဒီဗီဒီယိုကို ရိုက်ကူးတင်ဆက်ခဲ့တာပါ ” လို့ Ndlovu Youth Choir ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။
နိုင်ငံတော်တော်များများမှာလည်း လက်ဆေးဖို့ အကြောင်းအရာတွေကို သီချင်းတွေ ရေးစပ်ပြီး ပြည်သူတွေကို အသိပညာဖြန့်ဝေတာမျိုးတွေ ရှိနေပြီး လူမှုကွန်ရက်မှ တဆင့် ဗဟုသုတပြန်လည်မျှဝေသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
Ref;CNN
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုပြုလုပ်ကြတဲ့ အနုပညာရှင်များ
မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ၆၇၃ ယောက် ကူးစက်ခံရပြီး ၂ ဦးသေဆုံး
ကိုရိုနာကြောင့် ဗြိတိန်ဘုရင်မကြီးရဲ့ ပွဲတက်အစီအစဉ်များအားလုံးကို ဖျက်သိမ်း