သြစတြေးလျနိုင်ငံအတွင်းမှာ မလိုအပ်ဘဲ လူစုဝေးမှု ပြုလုပ်ခြင်းတွေကို ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် Scott Morrison က လူစုဝေးခြင်းကို ပိတ်ပင်ထားပြီး မလိုအပ်ဘဲနိုင်ငံခြားခရီးစဉ်တွေ သွားခြင်းကိုလည်း တားမြစ်ထားမှာ ဖြစ်တယ်လို့ မတ်လ ၁၈ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ကျောင်းများ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အခြားနိုင်ငံများမှာ ပိတ်ပင်ထားပေမယ့် သြစတြေးလျနိုင်ငံမှာတော့ ဆက်ပြီး ဖွင့်လှစ်ထားဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၅၀ ဦးရှိနေပြီး သေဆုံးသူ ၅ဦးရှိတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဥရောပနဲ့ မြောက်အမေရိကနိုင်ငံတွေနဲ့ ယှဉ်ရင် ကူးစက်ခံရမှုက နည်းပါးနေသေးတာ ဖြစ်ပါတယ်။
အစိုးရတာဝန်ရှိသူများက မတ်လ ၁၇ရက်နေ့ အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် မတ်လ ၁၈ရက်နေ့မှာ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ” ဒီလို ကပ်တွေကို သြစတြေးလျနိုင်ငံက ပထမကမ္ဘာစစ်ကတည်းက ကြုံဖူးခဲ့တယ်။ အတူတကွပူးပေါင်းပြီး ဒီကပ်ကိုလည်း ကျော်လွန်နိုင်မယ်ထင်ပါတယ် ” လို့ အစိုးရအရာရှိဖြစ်သူ Mr Morrison ကပြောပါတယ်။
ဘုရားကျောင်းနဲ့ အခြားဘာသာရေးပွဲတော်တွေမှာ လူ ၁၀၀ ဦး ထက်ပိုပြီး စုရုံးမှုတွေကို ပိတ်ပင်ထားမှာဖြစ်ပြီး အခြားလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်းဆက်ပြီး လည်ပတ်နေမှာဖြစ်တယ်လို့ သိရပါတယ်။ သြစတြေးလျနိုင်ငံသား များကို နိုင်ငံရပ်ခြားခရီးမသွားဖို့ အကြံပြုထားပြီး ဒီလိုအကြံပြုချက်ဟာ သမိုင်းတလျှောက်ပထမဆုံး အကြံပြုချက် ဖြစ်ပါတယ်။
” ကျနော်တို့အနေနဲ့ လည်ပတ်နေတဲ့ စနစ်ကြီးကို ရပ်တန့်လိုက်လို့ မရဘူးလေ။ ရောဂါပြန့်ပွားမှု ဆိုးဆိုဝါးဝါး မဖြစ်သေးဘဲ လူတွေကို အိမ်မှာနေခိုင်းပြီး သူတို့ရဲ့ အကျိုးစီးပွားတွေမဖြစ်အောင် နေခိုင်းလို့ မရဘူး ” လို့ သြစတြေးလျရဲ့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံအတွင်းမှာ ပြည်သူတွေကို အတတ်နိုင်ဆုံး တယောက်နဲ့ တယောက်ခပ်ခွာခွာက နေကြဖို့ တိုက်တွန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
Ref;BBC
You may also like these stories
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား
လုပ်ငန်းခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကို ကာကွယ်ရန် နည်းလမ်းများ
ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား