ဟောင်ကောင်မှာ ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ခွေးလေးဟာ ရောဂါဖြစ်ပွားမှု ရှိ၊မရှိ စောင့်ကြပ်ကြည့်ရှုကုသခဲ့ပြီးနောက်မှာ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မသိရ သေးဘူးလို့ ဆိုပါတယ်။
ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး Yvonne Chow Hau Yee ပိုင်တဲ့ အသက် ၁၇ နှစ်အရွယ် Pomeranian အမျိုးအစားခွေးလေးဟာ COVID-19 ကနဦး ကူးစက်ခံရမှုကြောင့် စောင့်ကြည့်ကုသပြီးနောက် အိမ်ပြန်ရောက်ပြီး ၂ရက်အကြာမှာ သေဆုံးခဲ့တာပါ။
တိရစ္ဆာန်ဆရာဝန်ကတော့ ခွေးလေးဟာ အိမ်ကပိုင်ရှင်နဲ့ ခွဲပြီး သီးခြားလာရောက် ကုသနေခဲ့ရတာကြောင့် စိတ်ဖိစီးမှု များပြီး စိုးရိမ်ကြောင့်ကြမှုတွေကြောင့် သေဆုံးသွားတာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ခွေးလေးရဲ့ ပိုင်ရှင်ကိုလည်း စစ်ဆေးခဲ့ပေမယ့် ကူးစက်ခံရတာမရှိလို့ လူကနေ တိရစ္ဆာန်ကိုကူးစက်တယ်ဆိုတဲ့ သံသယတွေကို ချေဖျက်လိုက် နိုင်တယ်လို့ ဟောင်ကောင်ရေလုပ်ငန်းနဲ့ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဌာန (AFCD) က ဆိုပါတယ်။
မတ်လ ၁၆ ရက်နေ့မှာ သေဆုံးသွားတဲ့ ခွေးလေး သေဆုံးရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးချင်ပေမယ့် ပိုင်ရှင်ဖြစ်သူက ခွင့်မပြုတာကြောင့် အကြောင်းရင်းကို မသိရှိရခြင်းဖြစ်ပါတယ်။ AFCD ဘက်ကလည်း ခံစား ချက်ကို နားလည်တာကြောင့် ပိုင်ရှင်ထံကို ပြန်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ခွေးလေးဟာ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က အားနည်းလာတာကြောင့် နှာခေါင်းနဲ့ အာခေါင်ကို ရောဂါ စစ်ဆေးခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ် အပျော့စားကိုသာတွေ့ခဲ့ရပြီး နောက်ထပ် အသေးစိတ် စစ်ဆေးအပြီးမှာ တော့ ပထမဆုံး ကူးစက်ခံရတဲ့ အိမ်မွေးခွေးအဖြစ် သတ်မှတ်ခဲ့ပါတယ်။
WHO အဖွဲ့အစည်းကတော့ အရင်က အိမ်မွေးတရိစ္ဆာန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ချေမရှိလောက် ဘူးလို့ဆိုခဲ့ပေမယ့် ဟောင်ကောင်က ခွေးလေး ကူးစက်ခံရအပြီးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်အချင်း ချင်း ကူးစက်တာမျိုးမရှိဘူးလို့ မှတ်ချက်ပေးခဲ့ပြန်ပါတယ်။
COVID-19 ဟာ ကူးစက်ခံလူနာ ချောင်းဆိုး၊ နှာစေး၊ စကားပြောလိုက်ရာ က ထွက်လာတဲ့ နှာရည်နဲ့ တံတွေးက တဆင့် အဓိကကူးစက်တာဖြစ်လို့ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ လက်ကို မကြာခဏ ဆေးကြောသန့် စင်ပေးဖို့ တိုက်တွန်းထားပါတယ်။
Ref: Mirror
You may also like these stories:
တိတ်ဆိတ်ခြောက်ကပ်သွားတဲ့ တချိန်က စည်ကားခဲ့တဲ့နေရာများ
မလိုအပ်ဘဲ လူစုဝေးခြင်းကို သြစတြေးလျနိုင်ငံမှာ ပိတ်ပင်
ကိုရိုနာဗိုင်းရပ်စ်ကို သတိထားနိုင်ဖို့ သီချင်းစပ်ဆိုခဲ့တဲ့ အာဖရိကအဆိုတော်များ