အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ရှိတဲ့ Imperial College London တက္ကသိုလ်က ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်းစရာတွေကို အင်တာနက်မှတဆင့် အခမဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။
“Science Matters: Let’s Talk about COVID-19” လို့ အမည် ပေးထားတဲ့ အဲဒီသင်ရိုးမှာ ၂၁ ရာစုရဲ့ အကြီးမားဆုံး ကျန်းမာရေးအန္တရာယ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ကမ္ဘာအနှံ့ ဖြစ်ပွားပြီးတဲ့နောက်မှာ ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သိပ္ပံနည်းကျ သင်ကြားပေးမယ့် သင်တန်း ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပစ် ရောဂါ ကူးစက်ခံရသူ ဘယ်လောက် ရှိလဲ၊ ဘာကြောင့် ရောဂါ ကူးစက်ခံရတာလဲ၊ ရောဂါအတွက် ကုသဆေးက ဘယ်အချိန်လောက်မှာ ထွက်ရှိလာနိုင်မလဲ၊ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုတွေ ဘယ်လောက်ရှိနိုင်လဲ စတဲ့ လူမေးများတဲ့ မေးခွန်းတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို သင်ကြားပေးမှာ ဖြစ်ပါတယ်။
Imperial College London တက္ကသိုလ်မှ အင်တာနက်ကနေ တဆင့် သင်ကြားမယ့် သင်ခန်းစာများကို လေ့လာချင်သူတွေအတွက် MOOCs ဝက်ဘ်ဆိုက်တွေမှာ ရှာဖွေသင်ကြားနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းကို တက်ရောက် သင်ကြားခြင်းဖြင့် ကပ်ရောဂါဖြစ်ပွားချိန်မှာ ဘယ်လိုတွေ ပြင်ဆင်ထားသင့်တယ် ဆိုတဲ့ အကြောင်းအရာတွေနဲ့ ဘယ်လို သတင်းဌာနတွေကို ယုံကြည်သင့်တယ်ဆိုတာတွေကို သိရှိရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကပ်ရောဂါ ဖြစ်ပွားလာရင် တိကျတဲ့ သက်သေများနဲ့ ထိန်းချုပ်မှု ပြုလုပ်နည်းတွေ နိုင်ငံတိုင်းက အဖွဲ့အစည်းတွေ စုပေါင်းပြီး ကပ်ရောဂါကို ကာကွယ်ရမယ့် နည်းလမ်းတွေနဲ့ ပြည်တွင်း၊ပြည်ပ မှာ ရှိတဲ့ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေကို ကိုင်တွယ် ဖြေရှင်းပုံများ သင်ကြားရမှာ ဖြစ်ပါတယ်။
သင်တန်းဟာ ၁၉ နာရီ ကြာမြင့်မှာဖြစ်ပြီး ရက်သတ္တပတ် ၈ ပတ်ကြာ သင်ကြားရမှာ ဖြစ်ပါတယ်။ အင်တာနက်ရှိရုံနဲ့ တက်ရောက် သင်ကြားနိုင်မယ့် သင်တန်းဖြစ်ပြီး သင်တန်းအတွင်း သင်ကြားမှု ၁၀၀ ရာခိုင်နှုန်းလုံးက အင်တာနက်မှ တဆင့် သင်ကြားမှာ ဖြစ်ပါတယ်။
သင်ကြားပေးမယ့်သူတွေကတော့ ပြည်သူ့ကျန်းမာရေးပါမောက္ခ Helen Ward နဲ့ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ လက်ထောက်ညွှန်ကြားရေးမှူး Katharina Hauck တို့ဖြစ်ပါတယ်။ သင်တန်းကို မတ်လ ၁၉ ရက်နေ့မှ စတင် စာရင်းပေးသွင်းနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ စာရင်းပေးသွင်းထားသူ ၁၈,၈၇၄ ဦးရှိပြီလို့ သိရပါတယ်။
Ref. coursera.org
You may also like these stories:
ကိုရိုနာကြောင့် ဆေးခြောက်ဝယ်လိုအားများနေတဲ့ နယ်သာလန်နိုင်ငံ
ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံခဲ့ရတဲ့ ခွေးလေး သေဆုံး
မလိုအပ်ဘဲ လူစုဝေးခြင်းကို သြစတြေးလျနိုင်ငံမှာ ပိတ်ပင်