အိန္ဒိယစစ်သားတဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အိန္ဒိယအစိုးရက ကြေညာခဲ့ပါတယ်။ ဒါဟာ အိန္ဒိယစစ်တပ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားတဲ့ ရောဂါကူးစက်မှုပါ။ စစ်တပ်ဆိုတာ လူစုလူဝေးနဲ့ နေထိုင်ရတာဖြစ်တဲ့အတွက် နောက်ထပ် လူဘယ်လောက်လောက်များများ ကူးစက်သွားဦးမလဲဆိုတာ မသိရသေးပါဘူး။
ကူးစက်ခံခဲ့ရတဲ့ စစ်သားဟာ အသက် ၃၄ အရွယ် ရှိသူဖြစ်ပြီး သူ့ဖခင်က မကြာသေးခင်အ ချိန်ကမှ အီရန်နိုင်ငံကို ဘုရားသွားဖူးပြီး ပြန်လာခဲ့သူတယောက်ပါ။ ဒါကြောင့်လည်း သူ့ဖခင်ထံကနေ ကူးစက်ခံရတာ ဖြစ်နိုင်ပါတယ်။
အိန္ဒိယနိုင်ငံမှာ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၅၁ ယောက်ရှိနေပြီး ၂၅ ယောက်ကတော့ နိုင်ငံခြားသား ခရီးသွားတွေပါ။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၃ ယောက် သေဆုံးခဲ့ရပြီလို့လည်း သိရပါတယ်။
ရောဂါကူးစက်ခံခဲ့ရတဲ့ စစ်သားဟာ Leh မြို့ ၊ Chuhot ကျေးရွာမှာ နေထိုင်သူတယောက် ဖြစ်ပါတယ်။ သူ့ဖခင်ဖြစ်သူဟာ အီရန်နိုင်ငံကို ဘုရားဖူးသွားရောက်ခဲ့ပြီး Air India လေကြောင်းလိုင်းနဲ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အိန္ဒိယနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိရတဲ့အတွက် ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။
ဆေးကုသမှု မခံယူခင်အချိန်တွေမှာ သူဟာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရောဂါ ကူးစက်ခံထားရတဲ့ စစ်သားဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ခွင့်ပြန်သွားခဲ့ပြီး မတ်လ ၂ ရက်နေ့မှာ ပြန်လာခဲ့ပါတယ်။ သူ့ဖခင်ဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း စစ်တပ်က သိရှိသွားတဲ့အတွက် မတ်လ ၇ ရက်နေ့မှာ သူ့ကို သီးခြားခွဲထားလိုက်ပြီး မတ်လ ၁၆ ရက်နေ့မှာတော့ ရောဂါကူးစက်ခံထားရကြောင်း သိရှိခဲ့ရပါတယ်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာနေကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ပရောက်နေတဲ့ အိန္ဒိယနိုင်ငံသား ၂၇၆ ယောက်လည်း ရောဂါ ကူးစက်ခံနေရပြီး ၂၅၅ ယောက်က အီရန်နိုင်ငံကို ရောက်နေသူတွေ ဖြစ်ကြပါတယ်။
စစ်တပ်ဆိုတာမျိုးက လူစုလူဝေးနဲ့နေထိုင်ရတာဖြစ်တဲ့အတွက် နောက်ထပ် လူဘယ်လောက် ရောဂါကူးစက်ခံထားရသလဲဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
Ref: gulfnews
You may also like these stories:
“Kung Flu လား၊ တရုတ်ဗိုင်းရပ်စ်လား”
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ
COVID-19 အကြောင်း အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးမယ့် သင်တန်း