Trend

COVID-19 ကာကွယ်ဖို့ အမေရိကန်က မြန်မာနိုင်ငံကို ဒေါ်လာ ၁ ဒဿမ ၈ သန်း လှူဒါန်း

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်မှု မရှိသေးပေမယ့် အမေရိကန် နိုင်ငံတကာဖွံ့ ဖြိုးရေးအေဂျင်စီ (USAID) က အရေးပေါ်ရန်ပုံငွေ အစီအစဉ်ကနေ မြန်မာနိုင်ငံကို ဒေါ်လာ ၁ ဒဿမ ၈ သန်း လှူဒါန်းသွားမယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

USAID အနေနဲ့ လှူဒါန်းမယ့် ဒေါ်လာ ၁ ဒဿမ ၈ သန်းထဲက ဒေါ်လာ ၇ သိန်းကို မြန်မာနိုင်ငံရဲ့ COVID-19 အတွက် အသင့်ပြင်ဆင်နိုင်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်ရေးအတွက် WHO ကို လှူဒါန်းခြင်းဖြစ်ပြီး ဒေါ်လာ ၆ သိန်းကိုတော့ မြန်မာနိုင်ငံရဲ့ စွန့်စားဆောင်ရွက်ရတဲ့ ပို့ဆောင်ဆက်သွယ်ရေးအတွက် UNICEF ကို လှူဒါန်းတာ ဖြစ်ပါတယ်။

ဒေါ်လာ ၅ သိန်းကိုတော့ အသိပညာဆိုင်ရာ သတင်းစကားများနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ဖြန့်ဝေရာမှာ အရှိန်မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံအခြေစိုက် Save the Children အစီအစဉ်ကိုအကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ USAID’s Breakthrough Action စီမံကိန်းကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခုလ အစောပိုင်းကလည်း USAID က ဆေးရုံသုံးနှာခေါင်းစည်း ၃၀,၀၀၀၊ မျက်နှာအကာ ၁၅၀၀၊ နှာခေါင်းစည်း ၁၅၀၀၊ ဝတ်စုံ ၁၅၀၀၊ ဖိနပ်ဖုံး ၁၅၀၀ နဲ့ လုံခြုံရေးမျက်လုံးကာ မျက်မှန် ၁၀၀၀ တို့ကို လှူဒါန်းခဲ့ပါသေးတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေဗဟို (CDC) က ကူးစက်ရောဂါ ပြန့်ပွားခြင်း နှင့် ကာကွယ်ရေးဆိုင်ရာ အကြီးတန်း ပညာရှင်တွေကလည်း နည်းပညာအကူအညီ ပေးနေတယ်လို့ သံရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေကိုလည်း အသိပညာပေးတာတွေ ဆောင်ရွက်နေသလို ရောဂါပိုးကို သေသေချာချာ သတိထား စောင့်ကြည့်နိုင်ရေးအတွက် CDC က နည်းပညာ အကူအညီတွေလည်း ပေးနေပါတယ်။

ဒီလို နည်းပညာအကူအညီတွေ ပေးအပ်နေတဲ့အတွက် အမေရိကန် – ထိုင်း ပူးတွဲအစီအစဉ်တခု ဖြစ်တဲ့ Armed Forces Research Institute of Medical Sciences နဲ့ အခြားအလှူရှင်တွေ လှူဒါန်းတဲ့ ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးရေး စက်ကိရိယာတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကောင်းဆုံး ကိုင်တွယ် အသုံးပြုသွားနိုင်မယ်လို့ သိရပါတယ်။

Ref: mm.usembassy

You may also like these stories:

“Kung Flu လား၊ တရုတ်ဗိုင်းရပ်စ်လား”

ကိုရိုနာကြောင့် ရပ်နားထားခဲ့တဲ့ “Mission: Impossible 7” ရုပ်ရှင်ရိုက်ကူးရေး ပြန်လည် စတင်

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ

Did you find apk for android? You can find new Free Android Games and apps.
Loading