Trend

COVID-19 ကာကွယ်ရေးပစ္စည်းများ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်း

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ရောဂါဟာ အခုအချိန်မှာတော့ နိုင်ငံပေါင်း ၁၆၀ ကျော်ကို ကူးစက်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီရောဂါကို ထိန်းချုပ်နိုင်ပြီ ဖြစ်ပေမယ့် ဥရောပမှာတော့ ကူးစက်မှုနှုန်း မြန်ဆန်ပြီး လူအသေအပျောက်ကလည်း များလာနေပါတယ်။

COVID-19 ရောဂါ ဖြစ်ပွားပြီးနောက်မှာတော့ လူသားဆန်တဲ့ အပြုအမူမျိုးတွေကို ပိုမိုတွေ့မြင်လာရပါ တယ်။ တနိုင်ငံနဲ့ တနိုင်ငံလည်း ကိုယ်တတ်နိုင်သလောက် လှူဒါန်းလာတာကိုလည်း တွေ့မြင်နေရပါ တယ်။

တရုတ်နိုင်ငံအနေနဲ့ COVID-19 ရောဂါကို ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းမှာတော့ ရောဂါကူးစက်မှုနှုန်းနဲ့ လူ သေဆုံးမှု များပြားနေတဲ့ အီတလီနိုင်ငံကို ကူညီနိုင်ဖို့ တရုတ် ကျန်းမာရေး လုပ်သားတွေ သွားရောက်ကူညီနေကြတယ်လို့လည်း သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အရှေ့တောင် အာရှနိုင်ငံတွေကို COVID-19 ကာကွယ်ရေး ပစ္စည်းတွေကို လှူဒါန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၈ နေ့မှာတော့ လူဦးရေ ၂၀၁၆ ယောက်စာ COVID-19 ဓာတ်ခွဲစစ်ဆေးရေး ကိရိယာတွေကို တရုတ်နိုင်ငံက မြန်မာနိုင်ငံကို လှူဒါန်းခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီပစ္စည်းတွေကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သံမှူးကြီး Ms.Li Xiaoyan က တရုတ်နိုင်ငံကိုယ်စား မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်မြမြအေးနဲ့ မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒေါက်တာဖြိုးသူအောင်ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တရုတ်သံရုံးရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးက ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ၁၀,၀၀၀ နဲ့ လက်သန့်စင်ဘူး ၅၀၀ မန္တလေးလေဆိပ်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာ တနိုင်ငံတည်းကိုသာ အခုလို လှူဒါန်းခဲ့တာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်နိုင်ငံကိုလည်း အလားတူပစ္စည်းတွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Ref: Chinese Embassy in Myanmar

You may also like these stories:

ကိုရိုနာကြောင့် နှစ်ပေါင်း ၂၂ နှစ်အတွင်း ရုံဝင်ငွေ အဆိုးဆုံးကို ဟောလိဝုဒ် ကြုံနေရ

ကိုရိုနာနဲ့ ပတ်သက်ပြီး သမ္မတရှီကို ဝေဖန်ခဲ့တဲ့ တရုတ်သူဌေးကြီး တဦး ပျောက်ဆုံးနေ

ပြင်သစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စားသောက်ဆိုင်၊ ကလပ်နဲ့ ရုပ်ရှင်ရုံတွေ အားလုံး ပိတ်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading