မိုနာကိုနိုင်ငံရဲ့ တော်ဝင်မင်းသားဖြစ်သူ Albert မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းခံထားရတယ်လို့ နန်းတော်က မတ်လ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ မင်းသားရဲ့ကျန်းမာရေးအတွက် စိတ်ပူစရာ မရှိကြောင်းနဲ့ မင်းသားဟာ သူ့ရဲ့ သီးသန့် နန်းဆောင်အတွင်းမှာပဲ နေထိုင်ပြီး အလုပ်များကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပါရှိပါတယ်။
အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ မင်းသား Albert ဟာ မိုနာကိုနိုင်ငံရဲ့ နန်းညွှန့် နန်းလျာလောင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသားဆုံး တော်ဝင်မိသားစုတွေထဲက တဦးဖြစ်တဲ့ မိုနာကို တော်ဝင်မင်းသားဟာ နိုင်ငံ့တာဝန်များကိုလည်း ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
လူဦးရေ ၄၀,၀၀၀ ခန့်သာရှိတဲ့ မိုနာကိုနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၉ ဦးရှိနေပြီး မင်းသားနဲ့ဆိုရင် ကူးစက်ခံထားရသူ ၁၀ ဦး ရှိနေပြီလို့ သိရပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပြင်သစ်မှာတော့ ကူးစက်ခံထားရသူ ၇,၆၀၀ ရှိပြီး သေဆုံးသူ ၁၇၅ ဦးရှိတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
“မင်းသားရဲ့ ရောဂါကူးစက်မှုကို စံထားပြီး လူစုလူဝေးတွေ တတ်နိုင်သလောက် မလုပ်ကြရန်၊ ရောဂါကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးကြရန်”ဆိုတဲ့အကြောင်းအရာတွေကို နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းရေးသားထားပြီး ကူးစက်ခံထားရသူတွေနဲ့ ထိတွေ့ခြင်း မရှိအောင် နေခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ နန်းတော်က ထုတ်ပြန်ထားပါတယ်။
Ref. NYpost, CNN
You may also like these stories:
COVID-19 အကြောင်း ခန့်မှန်းခဲ့တဲ့ အကြားအမြင်ဆရာမ Sylvia Brown ရဲ့ စာအုပ်
အမေရိကန် မင်းသား Daniel Dae Kim ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
COVID-19 ကြောင့် ကိန်းစ်ရုပ်ရှင်ပွဲတော်ကို ဇွန်လကုန်အထိ ရွှေ့ဆိုင်းထား